မမိုင်မျိုးမျိုးဆန်း၏ကဗျာများ
အမှန်တရားကိုမြိုချလိုက်ရင်
ဆေးဘက်တော့ဝင်တာပေါ့
ဒါပေမယ့်
နည်းနည်းတော့ ခါးတယ် မေမေ. .
ဒါကြောင့် မေမေ့သမီး
ခဏ ခဏ ဒဏ်ရာရတာထင်ပါရဲ့  . .
အမှန်တရားကို
ယုံကြည်ပေးဖို့ တောင်းဆိုလို့ မရတဲ့အခါ
ဆေးခါးတွေ ဇွတ်အတင်း အန်မချမိဖို့ 
သမီး ကြိုးစားရဦးမယ်မေမေ . .
ဆေးဘက်တော့ဝင်တာပေါ့
ဒါပေမယ့်
နည်းနည်းတော့ ခါးတယ် မေမေ. .
ဒါကြောင့် မေမေ့သမီး
ခဏ ခဏ ဒဏ်ရာရတာထင်ပါရဲ့  . .
အမှန်တရားကို
ယုံကြည်ပေးဖို့ တောင်းဆိုလို့ မရတဲ့အခါ
ဆေးခါးတွေ ဇွတ်အတင်း အန်မချမိဖို့ 
သမီး ကြိုးစားရဦးမယ်မေမေ . .
မိုင်မျိုးမျိုးဆန်း
MEd ( Master of Education )
***********************
အမြင်မှာနီးသလိုနဲ့
လှမ်းဖူးတဲ့ သူမှသိမယ်
အဝင်ဝရောက်ဖို့ တောင်
မှန်းမျှော်ရင်းဝေးနေသူတွေ တောင်ပုံရာပုံ. . .
ဆန့် ကျင်ဘက်တွေဆုံတဲ့အရပ်
မျက်ရည်တွေ အသင်္ချေကြားမှာ
အပြုံးတစ်ချို့ တစ်ဝက်ရော
ငိုသူတစ်ရာကြား ပြုံးသူတစ်ယောက်
MEd ဆိုတာ
အဲ့လောက်ထိ ဇကာတင်ခဲတယ်. .
တက်ခဲရသလောက်
တက်ဆဲတစ်လျှောက်မှာ ခေါင်းမော့ရဲမယ်
ဒါပေမယ့်မေးကြည့်
လူတိုင်းနီးပါး တစ်ခါမက ရုန်းခဲ့ဖူးတယ်. .
လွယ်လွယ်အားလျှော့သူတွေ မရှိတဲ့အရပ်
လဲကျလို့ ပြန်မထရဲသူ
ဒီသရဖူကို ဆောင်းဖို့ မတန်ဘူး. . .
အပြင်လောကအမြင်ထည့်မတွက်နဲ့
ပညာရေးလောကရဲ့ အကယ်ဒမီ
တစ်ကြိမ်တစ်ခါ ပိုင်ဆိုင်ပြီးရင်
တစ်သက်စာ နာမည်ရွှေရောင်လက်တယ်
လူတိုင်းမက်တဲ့ အိပ်မက်
အကောင်အထည်ဖော်ဖို့ ခက်တာ မဆန်းဘူး. .
MEd ဆိုတာ တောင်တစ်ခု. .
တက်ခွင့်ရပြီလား
မောပန်းခြင်းအဆုံးမှာ ရွှေစင်ရုပ်ထုစောင့်နေတယ် . . .
တက်ခွင့်မရသေးဘူးလား
သက်လုံကောင်းအောင် ပြန်လေ့ကျင့်ထား . .
သူထွက်မပြေးဘူး. .
သူ မပြောင်းလဲဘူး. . . .
ရင်ခွင်နဲ့ဆန့် သလောက်
တစ်နှစ်တစ်ခါ ဆီးကြိုနေတယ်. .
ဇွဲ လုံ့ လနဲ့ဝီရိယ ရှိသူတွေအတွက်
ဇွဲ လုံ့ လနဲ့ဝီရိယ ရှိသူတွေအတွက်
ဇွဲ လုံ့ လ နဲ့ ဝီရိယ ရှိသူတွေ အတွက်သာ ။ ။

Comments
Post a Comment