Used to + Verb infinitive နှင့် Would+ Verb infinitive
Used to + Verb infinitive နှင့် Would+ Verb infinitive
ဒီနေ့တော့ အတိတ်ကာလမှာ လုပ်ခဲ့တဲ့လုပ်ရပ် (past habit) တွေအကြောင်း ပြောဆိုဖော်ပြရာမှာ သုံးနိုင်တဲ့ used to + Verb infinitive နဲ့ would + Verb infinitive အကြောင်းကို ရှယ်ပါရစေခင်ဗျာ။
📝used to + Verb infinitive ကို အတိတ်ကာလမှာ ထပ်ခါထပ်ခါ လုပ်ခဲ့ပြီး ယခု ပစ္စုပ္ပန်ကာလမှာ ဆက်လက်လုပ်ဆောင်ခြင်း မရှိတော့တဲ့ အရာတွေကို ဖော်ပြပြောဆိုတဲ့ နေရာမှာ သုံးပါတယ်။
E.g U Ba Aye used to drink every day when he was young. He doesn't drink any longer.
ဦးဘအေးက ငယ်ငယ်တုန်းက နေ့တိုင်း အရက်သောက်ခဲ့တာ။ ခုတော့ သူ ဆက်မသောက်တော့ဘူးလေ။
📝used to + Verb infinitive လိုပဲ အတိတ်မှာ ထပ်ခါထပ်ခါလုပ်ခဲ့ပြီး ယခုဆက်မလုပ်တော့တဲ့ အရာတွေကို ပြောတဲ့အခါ would + Verb infinitive ကိုလည်း အစားထိုး သုံးနိုင်ပါတယ်။ ဒါပေမယ့် သူက dynamic verb နဲ့ပဲတွဲသုံးနိုင်ပြီး Stative verb နဲ့ တွဲမသုံးရပါဘူး။
✔ I would play football every other day while I was attending at the basic school. Now I can't even kick a balloon.
အခြေခံကျောင်းမှာ တက်နေတုန်းက ကျွန်တော်က တနေ့ခြား ဘော်လုံးကစားခဲ့တာ။ ခုတော့ ပူစီဖောင်းတောင် မကန်နိုင်တော့ဘူး။
❌I would think that we lived inside the earth when I was in childhood.
ဒီစာကြောင်းမှာ think က Stative verb ပါ။ would နဲ့ တွဲသုံးလို့ မရပါဘူး။
✔ I used to think that we lived inside the earth when I was in childhood.
ကျွန်တော်ကလေးဘဝတုန်းက ကျွန်တော်တို့ဟာ ကမ္ဘာမြေကြီးအတွင်းမှာ နေကြတယ်လို့ ထင်ခဲ့တာ။
အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။ နောက်နေ့မှာ used to + Verb infinitive နဲ့ လွဲတတ်တဲ့ be used to + noun/gerund နဲ့ get used to + noun/gerund အကြောင်း ဆက်ရေးပါဦးမယ်ဗျာ။
Htet Zaw Htoo
Comments
Post a Comment