မာန
မာန
နှင်းဆီဟာဆူးရှိလို့ သူ့အလှပြည့်စုံတယ်
ဆူးဟာနှင်းဆီရဲ့ အလှကိုပြည့်စုံစေတယ်
ဆူးဟာနှင်းဆီရဲ့ဘဝကိုကာကွယ်ပေးထားတယ်
အဲ့စကားတွေအောက် နှင်းဆီပန်းတစ်ပွင့်ရဲ့တန်ဖိုးတွေပျောက်နေခဲ့တယ်
ဆူးရှိလို့နှင်းဆီရှင်သန်နိုင်တာမဟုတ်ပါဘူး
နှင်းဆီမှာ ကိုယ်ပိုင်တန်ဖိုးနဲ့ ကိုယ်ပိုင်အလှ ကိုယ်ပိုင်ဘဝရှိတယ်
ဆူးရှိနေရင်လည်းလှသလို
ဆူးမရှိလည်းလှတာပါဘဲ
နှင်းဆီတစ်ပွင့်မှာဘာမှမရှိတော့ရင်တောင် သူ့ရဲ့အလှဟာပြည့်စုံနေဆဲပါ
နှင်းဆီလိုဘဝမျိုးးဖြစ်ချင်တယ်
ဘဝမှာဆူးဆိုတဲ့အကာအရံတွေ
ပျောက်ဆုံးသွားခဲ့မယ်ဆိုရင်တောင်
လှပတဲ့ဘဝကိုပိုင်ဆိုင်ချင်တယ်
အခက်အခဲတွေဘယ်လောက်ကြုံ ကြုံ
အလှမပျက် တဲ့ နှင်းဆီ
နှင်းဆီရေ
နှင်းဆီလေးဘဲဖြစ်ချင်မိတယ်
နှင်းဆီရဲ့မာနကိုချစ်တယ်
နှင်းဆီရဲ့ဂုဏ်သိက္ဓာကိုမြတ်နိုးတယ်
နှင်းဆီရဲ့ရဲဝံ့မှုကိုအားကျတယ်
သြော် နှင်းဆီ
-ခင်ခင်ခန့်
photo; crd

Comments
Post a Comment