ရှင်ကွဲ (တာရာမင်းဝေ)
" ရှင်ကွဲ "
-တာရာမင်းဝေ
ငါတို့ရှေ့မှာ
ရထားဟာ ခါတိုင်းထက် ပိုမိုရှည်လျား
ဥသြဆွဲသံများကလည်း
ဖွာရာရ ထစ်ချုန်း ပြတ်တောက်ကျနေခဲ့
နှုတ်မဆက် မိရင်လည်း အကောင်းသား
နှုတ်ဆက်လိုက်ကြတော့
ဘူတာဟာ
အဝါရောင်ဖျော့ဖျော့နဲ့ ဂူသင်္ချိုင်းဆန်လာ
ကံကြမ္မာက
မျဉ်းတကြောင်းတည်းပေါ်မှာ
ခွာလေးဘက် မရပ်နိုင်ခဲ့ဘူး
ဘယ်သူ့ကိုမှ မပြောနဲ့
ဘယ်သူ့စကားကိုမှ နားမထောင်ဘူး
မြေလို ပင်လယ်လို အက္ခရာတလုံးနဲ့
ငါတို့ ဆက် " ချစ် " နေကြဦးမယ်
မမေ့ဘူးကွယ်
ဘယ်တော့မှ မမေ့ပါဘူး
ရက်စက်သွယ်ပြောင်းတဲ့
မီးခိုးလက်ချောင်းတွေက
ငါတို့ကို အပွင့်ခူးချိန် ...
ရထားဟာ
လောကလူရိုင်းရဲ့ မှုတ်ပြောင်းဝကနေ
အဆိပ်တွေနဲ့
တုန်ယင်စွာ လူးလွန့် ထွက်ခွာခဲ့ရပေါ့ ။ ။
-တာရာမင်းဝေ
ကဗျာလမ်း Facebook Page မှ ကူးယူဖော်ပြသည်။
Comments
Post a Comment