Power Point presentation လုပ်နည်း (ဆရာရွှေလင်း)

Power Point presentation လုပ်နည်း 







Oral research presentation လုပ်တယ်ဆိုတာ သုတေသနပြု လုပ်တဲ့သူတို့အတွက် အရေးကြီးပါတယ်။ ဒါဟာ မိမိ ရဲ့ research findings/results ကို တင်ပြတာပါ။ တနည်းပြောရရင် မိမိရဲ့ သုတေသန စာတမ်းပြီးဆုံးအောင်မြင်မယ့် အနီးဆုံးအချိန်ဖြစ်ပါတယ်။ oral presentation လုပ်တော့မယ်ဆိုရင် ဒါလေးတော့ သိထားရပါမယ်။
--------------------------------------------------------------
(က) ရည်ရွယ်ချက် (Purpose )
Oral Presentation လုပ်တယ်ဆိုတာ ---
၁။ ပရိတ်သတ်က မိမိကို အထင်ကြီးလာ အောင်လုပ်ခြင်းမဟုတ်။
၂။ subject နဲ့ပတ်သတ်လို့ မိမိသိသမျှကို အကုန်အစင် ပြောပြခြင်းလည်းမဟုတ်။
၃။ ပြုလုပ်သမျှ သုတေသန အခန်းကဏ္ဍအားလုံး ရဲ့အသေးစိတ်ကိုပြောပြခြင်းလည်းမဟုတ်။
Oral presentation လုပ်တယ်ဆိုတာ ---
၁။ မိမိရဲ့ အယူအဆ၊မိမိရဲ့အလုပ်ဟာ ဘာလဲဆိုတာကို ပရိတ်သတ်တို့သိရှိအောင်ချပြခြင်းသာဖြစ်တယ်။
၂။ မိမိရဲ့ သုတေသန စာတမ်းကို စာဖတ်သူတို့ ဆွဲငင်ဖတ်ချင်လာအောင်ပြုလုပ်ခြင်းမျိုးဖြစ်တယ်။
၃။မိမိ ရဲ့ သုတေသနနဲ့ပတ်သတ်လို့ feedback များရယူလိုသောကြောင့်ဖြစ်တယ်။
----------------------------------------
 (ခ) ပရိတ်သတ် ( Audience)
မိမိ ဆွေးနွေးတင်ပြမယ့် သုတေသန presentation ကို နားထောင်ပေးမယ့်သူများဟာ ဘယ်သူတွေလဲဆိုတာ သတိပြုပါ။
၄င်း ပရိတ်သတ်တွေဟာ မိမိရဲ့ သုတေသနနယ်ပယ်ကို ကျွမ်းကျင်တဲ့သူများနှင့် မကျွမ်းကျင်တဲ့ သူများလည်း ဖြစ်နိုင်တယ်။
ပရိတ်သတ်တွေဟာ အတွေးအခေါ်ကောင်း၊ အယူအဆ ကောင်းကို ကြားနာချင် ကြတာဖြစ်တယ်။
ရှည်လျားတဲ့ ဆွေးနွေးချက်ဟာ ပရိတ်သတ်ကို ငြိ့ငွေ့စေ တယ်ဆိုတာ လည်း သတိပြုပါ။
ပရိသတ်တို့ နားလည်နိုင်တဲ့ စကားလုံးများ၊လွယ်ကူတဲ့ အရာများကို အသုံးပြုရမယ်ဆိုတာ နားလည်ပါ။
-------------------------------------------------------
(ဂ)အသံအနေအထား (Using Tone )
- Oral presentation လုပ်တဲ့အခါ အဓိက အသံအနေထားကို ဂရုစိုက်ပါ၊ အသံကို နိမ့်လိုက်၊မြင့်လိုက်၊ ရွှင်ရွင်ပျပျ အားတက်သရော လေယူလေသိမ်းနဲ့ တင်ပြပါ။
- ပရိတ်သတ်ကို မိမိရဲ့ အားတက်သရောတင်ပြနေမှု့ကို အသံကိုအသုံးပြုရင်း မိမိနဲ့အတူ စီးမျောခံစားစေ၊ တွေးခေါ်စေပါ။
- -------------------------------------------------
(ဃ)မျက်လုံးများကို ကြည့်ပြောခြင်း (Using eye contact)
- ပရိတ်သတ်များရဲ့ စိတ်ဝင်စားမှု့များကို မျက်လုံးမှ တစ်ဆင့်ဖော်ပြတတ်ကြပါတယ်။
-
- မိမိရဲ့အသံအနေထား၊ဟန်ပန်အမူအရာ အလိုက် စီးမျော မှု့ ရှိသလားဆိုတာ မြင်အောင်ကြည့်ပါ။
-
- အားတက်သရော တင်ပြနေကြောင်း မျက်လုံးများဖြင့် ဆက်သွယ် ဖော်ပြပါ။
- --------------------------------------------------
(င)ကိုယ်အမူအရာများကို အသုံးပြုခြင်း ( using body action)
- စကားပြောဆိုတဲ့အခါ အမူအရာဟာ တစ်ဝက်လောက် လူတစ်ယောက်ရဲ့ဆွဲဆောင်မှု၊စိတ်ဝင်စားမှု့ကို ရဖို့အတွက် အထောက်အကူပြုပါတယ်။
- Body action ကို လိုသည်ထက် ပိုမသုံးပါနဲ့။
- သွက်လက်နေကြောင်း ပြသပါ။
- ------------------------------------------------------
(စ)စာထည့်ခြင်း (Using text)
Powerpoint ကို ရေးတဲ့အခါ စာတွေအများကြီး ရေးသားခြင်းကိုရှောင်ပါ။ (တိုတောင်းပြီး၊ ထိရောက်တဲ့ စကားလုံးကိုသုံးပါ)
အရေးကြီးတဲ့ စကားလုံးများနှင့် ၀ါကျများကို bullet point ဖြင့်ပြပါ။
စာလုံးဖောင်နဲ့ စာလုံးအရွယ်အစား ကို ရှုပ်ရှုပ်ထွေးထွေး မလုပ် ပါနဲ့။ (ရှင်းလင်းပြီး လှပတဲ့ စာလုံးပုံစံ တစ်ခုတည်းကို တောက်လျှောက်သုံးပါ)
အရေးကြီးတဲ့စကားလုံးအချို့ကို Capital letter ဖြင့် ရေးပြခြင်း၊ Bold တင်ခြင်း၊ Italics လုပ်ခြင်း တို့ဖြင့် ဖော်ပြပါ။
-----------------------------------------------------------------
(ဆ)အရောင်များကို အသုံးပြုခြင်း (Using colour)
• Power Point Slides တွေမှာ နောက်ခံ အရောင်များ တူညီမှုရှိပါစေ။
• စူးရှတဲ့ အရောင်များနှင့် စကားလုံးများကို မှုန်ဝါးစေတဲ့ နောက်ခံ အရောင်အဖြစ် အသုံးမပြုပါနှင့်။( ဥပမာ အ၀ါ ရောင်၊ အဖြူရောင်၊ အ နီရောင်၊)
----------------------------------------------------
(ဇ) ဇယားများကိုအသုံးပြုခြင်း (Using graphics)
. Presentation လုပ်တဲ့အခါ graphics အနည်း အကျဉ်းအသုံးပြုပါ။ တော်တော်များများ လူတွေက ဒါနဲ့ဆိုရင် မှတ်မိလွယ်၊ နားလည် လွယ်ကြတာ မို့လို့ပါ။
. . စကားလုံးထက် graphics နဲ့ပြရင် ပိုနားလည်မယ် လို့ထင်တဲ့ နေရာတွေမှာ စကားလုံးအစား graphics ကို အသုံးပြုပါ။
. Graphics ကို အသုံးပြုတဲ့အခါ ကွဲပြားခြားနားမှု့မြင်သာ အောင် အရောင်လေးများဖြင့် ဖော်ပြပါ။
. Graphics ရဲ့ခေါင်းစဉ်တိုင်းကိုဖော်ပြပါ။ (ခေါင်းစဉ်ပျောက်ရင် ဘာအတွက်လုပ်ထား တာလဲဆိုတာ မသိနိုင်)
---------------------------------------------------------------------
(ဈ) Time သတ်မှတ်ခြင်း
-Oral presentation လုပ်တဲ့အခါ သတ်မှတ်ထားတဲ့ အချိန် ရှိတယ်ဆိုတာ မမေ့ပါနဲ့။
- အခန်းကဏ္ဍ တစ်ခုစီကိုတင်ပြတဲ့အခါ လိုအပ်တဲ့အချိန် ထက် အချိန်မယူပါနဲ့။
- presentation မလုပ်ခင်ကပင် တင်ပြမယ့် အရာနဲ့အချိန် ကို အံဝင်ဂွင်ကျဖြစ်အောင်လုပ်ပါ။
----------------------------------------------------------------
( ည) စတင်ခြင်း (Beginning of your presentation)
-Presentation ကိုစတင် ပြောဆိုတဲ့အခါ နားထောင်သူများကို စိတ်အားတက်ကြွမှု့ရှိအောင်၊ နားထောင်ချင်လာအောင်၊ မိမိရဲ့ သုတေသန အပေါ်လည်း အပြည့်အ၀ ယုံကြည်မှု့ရှိကြောင်း မြင်သာအောင် motivation မြှင့်ပြီးပြောခြင်းဖြင့် စတင်ဖွင့်ပါ။
- သွက်လက် တက်ကြွနေပါ။
-----------------------------------------
( ဋ ) Power Point တစ်ခုမှာပါဝင်တဲ့အစိတ်အပိုင်းများ ( Components of Research Power Point presentation)
Power Point presentation မှာ အခန်းပေါင်း (၁၀) ခန်းပါဝင်နိုင်ပါတယ်။
1. Introduction
မိတ်ဆက်အခန်းကိုရေးသားတဲ့အခါ မိမိသုတေသနရဲ့ နောက်ခံသမိုင်းနှင့် ဆက်နွယ်မှု့ရှိတဲ့အကြောင်းအရာများကို စာကြောင်းရေ (၃၊၄)မျှဖြင့်ပီပီပြင်ပြင်ရေးသားပါ။ (တင်ပြဆွေးနွေးတဲ့အခါ မိမိရဲ့ သုတေသန လုပ်ငန်းနဲ့ ပတ်သတ်လို့ သေချာနားလည်အောင်ပြောဆိုပါ၊)
2. Background/Literature Review
- ဒီအခန်းဟာ နားထောင်သူ ပရိသတ်တို့အတွက် ယခင်ပြုလုပ်ခဲ့ကြတဲ့ သုတေသန စာစောင်များနှင့် စာအုပ်များရဲ့ အကျဉ်းချုံးဖြစ်ပါတယ်။သင့်စာတမ်းအတွင်း အသုံးပြုထားတဲ့ ဆက်နွယ်မှု့ရှိ စာများကို ပြောပြပါ။
- ဒီအခန်းမှာ မိမိ စာတမ်းတွင် အသုံးပြုထားတဲ့ စာအုပ်များနှင့် စာရေးသူများကို citation လုပ်ပြီးဖော်ပြပါ။
- သူတို့ရဲ့ သုတေသနပြုမှု့နဲ့ ရေးသားထားမှု့တွေက မိမိစာတမ်း ကို ဘယ်လောက်ထိ ကူညီပေးသလဲ၊ အထောက်အကူဖြစ်သလဲဆိုတာပြောပြပါ။
- မိမိပြုလုပ်ထားတဲ့ သုတေသန စာတမ်းဟာ ၄င်းတို့နဲ့ ဘယ်လို ကွာခြားမှု့ရှိသလဲ၊ဘယ်လို တိုးတက်မှု့ရှိသလဲ ဆိုတာကိုလည်းပြောပြပါ။
3. Research Question(s)
- မိမိရဲ့ သုတေသန မေးခွန်းတစ်ခုတည်းကို ချပြပါ။ (စာကြောင်းရေ ၁၊ ၂ မျှရှိပါစေ)
- မိမိရဲ့ oral presentation ရဲ့ ပန်းတိုင်ဟာ research question ဖြစ်ပါတယ်။ ဒါ့ကြောင့် သုတေသန မေးခွန်းကို နားထောင်သူပရိသတ်ကို ခဏတာ မျှနစ်မျောသွားအောင် (စူးစူးစိုက်စိုက် တွေးမိသွား အောင်) သုတေသန မေးခွန်းကို သေချာပြပါ။
4. Research Methods
- ဒီအခန်းမှာ မိမိဟာ သုတေသန မေးခွန်းအတွက် ဘယ်လိုများ ဒေတာအချက်အလက်များကို စုဆောင်းရှာဖွေ ခဲ့သလဲဆိုတာကို ပရိတ်သတ်များအား မျှဝေပေးပါ။ (စုဆောင်းရှာဖွေတဲ့ စနစ်များကို ဇယားများ၊ဥပမာများနှင့် နမူနာ တစ်ကြောင်းမျှဖော်ပြပေးပါ)
- ပရိတ်သတ်များအား စိတ်ဝင်စားမှု့ရှိအောင် ဆွဲဆောင်ပါ။
5. Findings/Data
- ဒီအခန်းမှာ မိမိရဲ့ ဒေတာအချက်အလက်နှင့် findings များကို စနစ်တကျစုစည်းပြီး ခင်းကျင်းပြသရမှာဖြစ်ပါတယ်။
- Graph ,bar, chart တွေကို အသုံးပြုတာ အကောင်း ဆုံးပါ။
- Graph ,bar, chart က ပရိတ်သတ်များကို စကားပြောဆိုပါစေ။ ( graph တွေကို သူတို့ ကိုယ်တိုင် ကြည့်ရှုပြီး နားလည်သဘောပေါက်ကြပါစေ။)
- Graph ,bar, chart များကို ရှင်းပြရုံမျှ ရှင်းပြပါ။
- Graph ,bar, chart များကို သေချာ ရှင်းလင်းအောင်၊ တိကျအောင်လုပ်ပါ။ နားလည်သဘော ပေါက်လွယ်ပါစေ။
-
6. Discussion/Conclusion(s)
- ဒီအခန်းမှာ ပဓနာကျတဲ့ မိမိ findings ရဲ့ တိကျတဲ့ အကျဉ်းချုံးကိုတင်ပြရမှာဖြစ်ပါတယ်။
- အစောပိုင်း slides မှာတင်ပြခဲ့တဲ့ data collection များမှ ရရှိလာတဲ့အဖြေများကို ဆွေးနွေးပါ။ သုံးသပ် ဝေဘန်ပြပါ။ မိမိရဲ့ မှတ်ချက်ပေးမှု့၊ ကောက်ချက်ချက်မှု့က ဘာလဲဆိုတာတွေကို ပြောဆိုပါ။
- ဒီအခန်းမှာ slides ကို အများကြီးအသုံးမပြုပါနဲ့၊ အဓိက၊ပဓာနကျတဲ့ findings ကိုပဲ ပြပါ။
7. Future Research
- နောက်ထပ် လေ့လာလို့ရနိုင်တဲ့ သုတေသန အကြောင်းများကို လည်းပြောဆိုသုံးသပ်ပြပါ။
-
8. References
- ဒီအခန်းမှာ မိမိ ကိုးကားထားသမျှ စာတမ်း၊စာအုပ်များရဲ့ လိပ်စာများရဲ့ ပဓာနကျတဲ့ အကိုးကား ၃၊၄ ကြောင်းမျှကို သာရေးသားထည့်ပေးပါ။
- မိမိ ကိုးကားတဲ့ citation style( APA/MLA etc.,) ဖြစ်ပါစေ။
9. Acknowledgements
- ဒီအခန်းမှာ မိမိရဲ့ သုတေသန ပြုမှု့ ပြီးဆုံးအောင် ကူညီပေးကြတဲ့ သူများ၊အဖွဲ့အစည်းများ၊ဆရာ ဆရာမ များ စသည့် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင် ကြောင်း ပြောဆိုရပါမယ်။
10. Questions or any questions
- Oral presentation ပြီးဆုံးတဲ့အခါ ပရိတ်သတ်များမှ မေးလိုတဲ့ မေးခွန်းများမေးမြန်းကြပါစေ။
------------------------------------

ရွှေလင်း
၁၉၊၁၀၊၂၀၁၇

Comments