Alternate(ly) VS Alternative (ly) (ထက်ဇော်ထူး)



Alternate(ly) နဲ့ Alternative (ly) ဘာကွာသလဲ??

English မှာ "တူမယောင်နဲ့ကွဲ" တဲ့ စကားလုံးများစွာ ရှိပါတယ်။ affect နဲ့ effect၊ altogether နဲ့ all together စသဖြင့် တူသယောင်နဲ့ အဓိပ္ပါယ်မတူကြတဲ့ စကားလုံးများစွာ ရှိပါတယ်။ ဒီနေ့ပြောမှာက အဲ့ဒီထဲကမှ alternate (ly) နဲ့ alternative (ly) တို့ ကွာခြားပုံပါ။
☆ alternate (adj) ရဲ့အဓိပ္ပါယ်က "first one thing, then another thing and then the first thing again (ပထမတစ်ခုဖြစ်တယ်၊ အဲ့နောက် နောက်ထပ် တစ်ခုဖြစ်မယ် နောက် ပထမတစ်ခု ပြန်ဖြစ်တယ်) မြန်မာလိုတော့ "တစ်လှည့်စီ" ပေါ့။ 
E.g She alternately cried and laughed. 
      သူ (မ) ငိုလိုက် ရယ်လိုက် တစ်လှည့်စီ ဖြစ်နေတာဗျ။
Longman dictionary အရတော့ "တစ်ခုခုဟာ alternate days/weeks/months ဖြစ်နေတယ်ဆိုရင် အဲ့ဒါက တစ်ရက်/တစ်ပတ်/တစ်လ ဖြစ်လိုက် နောက် ရက်/အပတ်/လ မဖြစ်လိုက် အဲ့လို ဖြစ်လိုက် မဖြစ်လိုက် တလှည့်စီ ဖြစ်နေရင်" သုံးပါတယ်။ တစ်ခါက ရေးဖူးတဲ့ every other day/week/month ဆိုတဲ့ အသုံးနဲ့ တူပါတယ်။
E.g Ko Phyo Wai Aung Ed used to upload his photos on Facebook on the alternate days but he is busy with his thesis. 
ကိုဖြိုးဝေအောင်က (အရင်ကဆို) တစ်ရက်ကျော်လောက် ဖေ့စ်ဘုတ်မှာ ပုံတင်တာ၊ ခုတော့ thesis နဲ့ သူအလုပ်ရှုပ်နေတယ်လေ။
☆ alternative (ly) က "တစ်ခုခုဟာ ကိုယ့်မှာ ရှိပြီးသား တစ်ခုခုနဲ့ မတူဘူး ၊ အသစ်အဆန်းဖြစ်တယ်၊ ရှိပြီးသားနေရာမှာ အစားထိုးသုံးနိုင်တယ်" အဲ့လို အဓိပ္ပာယ်ရပါတယ်။ "တစ်ခုမရရင် တစ်ခုရွေးချယ်စရာရှိတယ်" ပေါ့။ 
E.g There are alternative ways to study English. 
English လေ့လာဖို့ နည်းလမ်းအသွယ်သွယ် ရှိပါတယ်။
E.g We can't use this room. Let's find an alternative room. 
ကျွန်တော်တို့ ဒီအခန်းကို သုံးလို့မရဘူး၊ နောက်တစ်ခန်း ရှာကြစို့။

ဒီနှစ်လုံးကို ရောများနေခဲ့ရင် ကွဲကွဲပြားပြား နားလည်သွားပြီလို့ မျှော်လင့်ပါတယ်။

Htet Zaw Htoo
Ref: Cambridge English studying blog, Longman dictionary

Comments