As နဲ့ Like ဘယ်လိုကွာသလဲ (ထက်ဇော်ထူး)

ကဲ ဒီနေ့တော့ တူမယောင်နဲ့ကွဲတဲ့ စကားလုံးနှစ်လုံးဖြစ်တဲ့ As နဲ့ like အကြောင်းကို ပြောပါရစေ။ 
As နဲ့ Like ဟာ preposition အဖြစ်သုံးနိုင်သလို၊ conjunction အဖြစ်လည်း သုံးနိုင်ပါတယ်။ As နဲ့ Like conjunction အဖြစ်သုံးရင် အဓိပ္ပါယ်မတူပါဘူး။
As + noun က in the role of ဆိုတဲ့ အဓိပ္ပာယ်ရပြီး like + noun က in similar to / in the same way as ဆိုတဲ့ အဓိပ္ပါယ်ပါ။

E.g As your teacher, I will teach you good table-manners. 
မင်းရဲ့ဆရာအနေနဲ့ မင်းကို အမူအကျင့်ကောင်းတွေ သင်ပေးမယ်။
(ဒီစာကြောင်းမှာ ပြောသူက နားထောင်သူရဲ့ ဆရာပါ)

E.g Like your teacher, I will teach you good table-manners. 
မင်းရဲ့ဆရာလိုပဲ မင်းကို အမူအကျင့်ကောင်းတွေ သင်ပေးမယ်။
(ဒီစာကြောင်းမှာ ပြောသူက နားထောင်သူရဲ့ ဆရာမဟုတ်ပါဘူး၊ ဒါပေမယ့် ဆရာသင်သလို သင်ပေးမှာဖြစ်ပါတယ်)

☆အကြောင်းအရာနှစ်ခု/လူနှစ်ယောက်/ပစ္စည်းနှစ်ခု တို့ကို နှိုင်းယှဉ်ပြောရင် like ကို သုံးရပါတယ်။ (as မသုံးရပါ)

E.g I have got headache like you. 
မင်းလိုပဲ ငါလည်း ခေါင်းကိုက်နေပြီ။

♡ အပြုအမူ၊ ရုပ်ရည်သွင်ပြင် စတာတွေကို နှိုင်းယှဉ်ရင်လည်း like ကို သုံးရပါတယ်။ (as မသုံးရပါ)

E.g Your flat is like a jail. 
မင်းတိုက်ခန်းက အချုပ်စခန်းလိုပဲ။

♡ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ပြောရင်တော့ as ကို သုံးရတယ်။

E.g He served as a soldier for thirty years. သူဟာ စစ်သားတစ်ယောက်အဖြစ် နှစ်သုံးဆယ် အမှုထမ်းခဲ့တယ်။

As နဲ့ Like ဟာ နှိုင်းယှဉ်ပြီးပြောတဲ့နေရာမှာ conjunction အဖြစ်သုံးရင်တော့ အဓိပ္ပါယ်တူပါတယ်။ ဒါပေမယ့် like ကတော့ informal ပေါ့။

E.g Nobody can understand him as I do. 
 ငါနားလည်ပေးသလို ဘယ်သူမှ သူ့ကို နားလည်မပေးဘူး။
Nobody can understand him like I do. (Informal)

☆☆ အသုံးဝင်မယ်လို့ ယုံကြည်ပါတယ်။

Htet Zaw Htoo 

Comments