စကားစစ်ထိုးပွဲများတွင်အောင်နိုင်ရေးနည်းလမ်းကောင်းများ
စကားစစ်ထိုးပွဲများတွင်အောင်နိုင်ရေးနည်းလမ်းကောင်းများ
ငြင်းခုံပြောဆိုစရာတွေ ပေါ်လာရင် သင့်ဘက်ပါအောင် ဘယ်လို အကောင်းဆုံးပြောရမလဲဆိုတာကို လစ်ဗျားနိုင်ငံ ထရီပိုလီမြို့က စကားရည်လုပွဲ ချန်ပီယံတစ်ဦးလည်းဖြစ်ပြီး ဗြိတိသျှကောင်စီရဲ့ အာရပ်လူငယ်များအသံ အစီအစဉ်ရဲ့ နည်းပြတစ်ဦးဖြစ်သူ လူငယ်ဆရာဝန် တစ်ဦးဖြစ်သည့် Hitham Elhimmal အားတွေ့ဆုံ မေးမြန်းချက်များကို ပြန်လည်မျှဝေလိုက်ပါတယ်။
စကားရည်လုပွဲ နိုင်ဖို့အတွက်ဆိုရင် သုံးခုသောအရာ ရှိဖို့လိုအပ်ပါတယ်။အဲ့ဒါတွေကတော့ logic ခေါ် ယုတ္တိတန်ခြင်း၊ charisma ခေါ် သြဇာတိက္ကမနှင့် ပြည့်စုံခြင်းနှင့် team work ခေါ် အဖွဲ့လိုက်စွမ်းဆောင်မှု (အကယ်လို့ အဖွဲ့လိုက် စကားရည်လုရတယ်ဆိုရင်) စသည်တို့ဖြစ်ပါတယ်။ငြင်းခုံမှုတစ်ခုကို စတင်လိုက်ပြီဆိုရင် အခြေခံအကျဆုံး အဓိက ဒေါက်တိုင်တွေထဲက တစ်ခုကတော့ ယုတ္တိတန်ခြင်းဘဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ငြင်းခုံဆွေးနွေးချက်တွေဟာ အကျိုးအကြောင်း ဆက်စပ်မှု မရှိဘူးဆိုရင် ပရိဿတ်ကို သင့်ဘက်ပါအောင် ယုံကြည်အောင် ဆွဲဆောင်ပြောဆိုနိုင်မည် မဟုတ်ပါ။ ဒါတင်မကဘဲ သင့်ပြိုင်ဘက်က သင့်ရဲ့ ဆီလျှော်မှုကင်းမဲ့ခြင်းကိုသတိထားမိသွားကာ သင့်ရဲ့ အဲ့ဒီပျော့ကွက်ကို ပစ်မှတ်ထားပြီး ထိုးနှက်မှာဖြစ်ပါတယ်။ဥပမာတစ်ခုပေးပါ့မယ်။ လစ်ဗျားမှာ လက်နက်ကိုင် တော်လှန်ရေးသမားတွေ အများကြီး ရှိပါတယ်။ အဲ့ဒီတော့ အဲ့ဒီ လက်နက်ကိုင်တွေကို အင်အားသုံးပြီး လက်နက်ဖြုတ်ချရေး ကိစ္စကို ငြင်းခုံဆွေးနွေးမယ်ဆိုရင် အဓိပ္ပါယ်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံ့တပ်မတော်ဆိုတာ အဲ့ဒီမှာ ရှိမှ မရှိဘဲကိုး။ ပိုပြီး ယုတ္တိတန်တဲ့ ဆွေးနွေးမှုကတော့ အဲ့ဒီလက်နက်ကိုင် အဖွဲ့တွေကို လက်နက်ချရေး မပြုလုပ်ဘဲ ရပ်ရွာ၊ တိုင်းပြည်ကို အကျိုးပြု ကာကွယ်စောင့်ရှောက်မယ့် ပြည်သူ့ သားကောင်းတွေဖြစ်လာဖို့ ဘယ်လို လေ့ကျင့်ပြုစု ပျိုးထောင်မလဲ ဆိုတာမျိုးဘဲ ဖြစ်ပါမယ်။
ခင်မင်နှစ်သက်ဖွယ်ရာ အမူအရာကလည်း အထောက်အကူဖြစ်ပါတယ်။ သြဇာတိက္ကမ လွှမ်းမိုးမှုရှိတဲ့ စကားပြောဆိုသူတွေဟာ နားထောင်သူ ပရိဿတ်ကို ညှို့ငင်ဖမ်းယူနိုင်စွမ်း ရှိပါတယ်။ အကယ်လို့ သင်ဟာ သင့်ပရိဿတ်ကို သင့်အပေါ်အာရုံစူးစိုက်ပြီး နားထောင်အောင် လုပ်နိုင်ပြီဆိုရင်တော့ သူတို့ကို သင့်ဘက်ပါအောင် လုပ်ဖို့အတွက် အလုပ်တစ်ဝက်ကျော် လုပ်ပြီးခဲ့ပြီလို့ ဆိုလို့ရပါတယ်။သင့်ရဲ့ ခန္ဒာကိုယ်လှုပ်ရှားမှု၊ ခြေဟန်လက်ဟန် စတာတွေကို သတိထားပြီး လေ့ကျင့်ပေးခြင်းဖြင့် ပိုမိုယုံကြည်မှုရှိသူ တစ်ဦးအဖြစ် အသွင်ယူလို့ ရပါတယ်။ အချို့ကတော့ ပင်ကိုယ်ကပင် ယုံကြည်မှု ရှိသူများအဖြစ် မွေးဖွားလာခဲ့ကြတဲ့ ကံကောင်းသူတွေ ဖြစ်ကြပါတယ်။ သို့ပေမဲ့ အဲ့ဒီလူစားမျိုးထဲ မပါဝင်လို့ သူတို့လိုဖြစ်အောင် လုပ်ယူလို့ မရဘူးလို့ လုံးဝမဆိုလိုပါဘူး။သင့်ရဲ့ စိတ်ခံစားမှုကိုလည်း ထိန်းသိမ်းပြီး တည်တည်ငြိမ်ငြိမ်လေးနေပါ။ ယောက်ယက်ခတ်နေတာ ဒါမှမဟုတ် ပြိုင်ဘက်ရဲ့ စကားစစ်ထိုးချက်အပေါ် စိတ်လိုက်မာန်ပါ တန်ပြန်မိတာတို့ဟာ သင့်ရဲ့ အားနည်းချက်အဖြစ် ဖော်ပြနေမှာ ဖြစ်တာမို့ပါ။ ပိုဆိုးတာက သင့်ကို တစ်ဖက်သားအပေါ်လေးစားမှု မရှိတဲ့ ရိုင်းစိုင်းသူ တစ်ယောက်အဖြစ် ရောက်သွားစေတာဘဲ ဖြစ်ပါတယ်။ သတိထားဖို့ကတော့ သင့်ရဲ့ ကိုယ်နှုတ် အမူအယာအပြင် သင်ဘယ်လို ပြောဆိုငြင်းခုံပုံ စတာတွေကို ကြည့်ပြီး သင့်ကို အဆုံးအဖြတ်တွေ ပေးကြတယ်ဆိုတာဘဲ ဖြစ်ပါတယ်။အဲ့ဒီလို စိတ်ခံစားမှုကို လှုံ့ဆော်တဲ့အကြောင်းအရာ အပြောခံရရင် မိမိရဲ့ပြိုင်ဘက်ကို သူတို့ရဲ့ ဆွေးနွေးချက်ထဲက အားနည်းချက်လို့ ထင်ရတဲ့ အချက်ကို ထောက်ပြီး မေးခွန်းပြန်ထုတ်လိုက်ပါ။ အဲ့ဒီလို လုပ်လိုက်ရင် သူတို့ရဲ့ ငြင်းခုံ ဆွေးနွေးချက်ထဲက အထောက်အထား ကင်းမဲ့တာတွေ၊ မှားယွင်းတဲ့ အချက်အလက်တွေ ဒါမှမဟုတ် ပြုပြင်ဖန်တီးထားတဲ့ စွဲဆိုချက် စတာတွေကို ဖော်ထုတ်လှစ်ပြလိုက်သလို ရှိစေပါတယ်ေ

ယုတ္တိတန်တဲ့ အကြောင်းအရာကို တည်ဆောက်ပါ

မိမိရဲ့ ကိုယ်အမူအရာ (body language) ကို ဂရုပြုပါ

ရှောင်ရန် အချက်တစ်ချို့
ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုအဖြစ် မခံယူလိုက်ပါနဲ့။ မိမိရဲ့ စကားစစ်ထိုးပြိုင်ဘက်ကို တိုက်ခိုက် ပုတ်ခတ်တာမျိုး မလုပ်ပါနဲ့။ သူတို့ရဲ့ ငြင်းခုံ ဆွေးနွေးချက်အပေါ် ဒါမှမဟုတ် သူတို့ဘက်က တင်ပြတဲ့အကြောင်းအရာအပေါ်သာ အာရုံထားပါ။ သင့်ရဲ့ စိတ်ထားဟာ သင်ဘယ်လိုလူစားဆိုတာကို ဖော်ပြပါတယ်။ သင့်ရဲ့ ပြိုင်ဘက်ကို ကြမ်းတမ်းတဲ့ အမည်တွေ တတ်ခေါ်တာမျိုး၊ ဒါမှမဟုတ် သူတို့ဘက်က လိမ်ညာပြီးပြောနေခဲ့ရင်တောင်မှ သူတို့ကို လူလိမ်လူညာတွေလို့ မခေါ်ပါနဲ့။စကားမပြောခင် ပြင်ဆင်ပါအများရှေ့ယှဉ်ပြိုင်ရတဲ့ စကားစစ်ထိုးပွဲ တစ်ခုမှာဆိုရင် ငြင်းခုံရမယ့်အကြောင်းအရာကို အစောကြီးကြိုတင်ပြီး ကြေငြာပေးထားလေ့ရှိပြီး ပြင်ဆင်ဖို့လည်း အနည်းဆုံး ၂ ရက်လောက် အချိန်ပေးရပါတယ်။ ဒါကလည်း မိမိယှဉ်ပြိုင်ပြောဆိုရမယ့် အချက်အလက်တွေ အသေးစိတ်ကို ရှာဖွေဖို့နဲ့ ရရှိထားတဲ့ အချက်အလက်တွေကို ပြန်စစ်ဆေးဖို့ ရရှိတဲ့ အနည်းဆုံးအချိန်ဘဲဖြစ်ပါတယ်။ မိမိရဲ့ ပြောချင်တဲ့ အချက်အလက်တွေ ခိုင်မာ တောင့်တင်းဖို့ အတွက် အထောက်အထားတွေ ခိုင်ခိုင်လုံလုံနဲ့ မိမိရဲ့ ပြောဆိုချက်တွေ ရရှိဖို့ ကြိုးစား အားထုတ်ရမှာ ဖြစ်ပါတယ်။အကယ်၍ အဖွဲ့လိုက်ယှဉ်ပြိုင်တယ်ဆိုရင် အဖွဲ့သားတွေ အချင်းချင်း ဟာကွက်မရှိဒေါင့်စိအောင် ဆွေးနွေးပြီး ယုတ္တိဆီလျှော်မှု ရှိမရှိ၊ မိမိတို့ရဲ့ ပြောဆိုမယ့်အချက်အလက်တွေ တည်ဆောက်ပုံ ခိုင်မာမှု၊ သက်သေအထောက်အထား ခိုင်လုံမှုရှိမရှိ သုံးသပ်ကြည့်တာမျိုး၊ မိမိတို့ပြိုက်ဖက်က ပြန်လည်ထိုးစစ်ဆင်နိုင်တဲ့ အချက်အလက်၊ နည်းဗျူဟာ တွေစဉ်းစားထားတာ၊ စကားစစ်ထိုးပွဲမှာ တစ်ဦးချင်း ယူရမယ့် တာဝန်တွေ ခွဲဝေတာမျိုး ပြုလုပ်ပါ။
ပြိုင်ဘက်ကို လေ့လာပါ
သင့်ပြိုင်ဘက်ကို ကြိုတင်လေ့လာဖို့အတွက် သင့်ပြင်ဆင်ချိန်ထဲကနေ ၃ ပုံ၁ ပုံလောက်အသုံးချ သင့်ပါတယ်။ အဲ့ဒါက ဘာနဲ့တူလဲဆိုတော့ တိုက်ပွဲမဝင်ခင် ခံစစ်အတွက် ကြိုတင်ပြင်ဆင် စီစဉ်ထားသလိုမျိုး ဖြစ်ပါတယ်။ ကိုယ်နဲ့ မရင်းနှီးတဲ့ စစ်မြေပြင်ကို လေ့လာတာထက် မိမိရဲ့ စစ်မြေပြင်ကို တစ်ဖက် ရန်သူဘက်က ကြည့်တဲ့ အမြင်နဲ့ လေ့လာပါ။ ရန်သူရဲ့ လက်နက်ကို လေ့လာတာထက်၊ ပြိုင်ဘက်ရဲ့ နည်းဗျူဟာကို သုံးသပ်တာ- ဥပမာ ပြိုင်ဘက်အသင်းရဲ့ အခြားပြိုင်ပွဲဝင် ဗွီဒီယိုတွေကို ကြိုတင်ကြည့်ပြီးလေ့လာထားတာမျိုးဖြစ်ပါတယ်။ပြိုင်ဘက်အကြောင်းကို Google မှာ ရှာဖွေနိုင်တယ်ဆိုပေမဲ့ ကျွန်တော်ကတော့ သူတို့ရဲ့ စကားစစ်ထိုးပွဲတွေ၊ ငြင်းခုံခြေပချက်တွေ၊ သူတို့ရဲ့ အင်တာဗျုးတွေ စတဲ့ ဗီဒီယိုတွေကို ကြည့်ရတာကို ပိုနှစ်သက်ပါတယ်။ ဒါက ကျွန်တော်ရင်ဆိုင်ရမယ့် သူတွေဟာ ဘယ်လိုမျိုးဆိုတာကို ကြိုတင်ခံစားကြည့်လို့ရပါတယ်။ သူတို့ ဘယ်လို စကားပြောတယ်၊ ငြင်းခုံတဲ့အခါ ဘယ်လိုမျိုး နည်းဗျူဟာတွေ သုံးတယ် စတာတွေဖြစ်တယ်။ ကျွန်တော်ကတော့ သူတို့တွေ မေးခွန်းတွေကို ဘယ်လိုတုန့်ပြန်သလဲ၊ ဘယ်လိုငြင်းချက်ထုတ်သလဲ၊ အုပ်စုလိုက်ဆိုရင် ဘယ်လိုမျိုးတာဝန်တွေ ခွဲဝေယူကြသလဲ စတာတွေကို အာရုံစိုက်ပြီး လေ့လာမှာဖြစ်ပါတယ်။စကားစစ်ထိုး ပြိုင်ပွဲမှာဆိုရင် ၁၅ မိနစ်၊ မိနစ် ၂၀ လောက်သာ ပြင်ဆင်ချိန်အကန့်အသတ်နဲ့သာ ရရှိပါတယ်။ အချိန်ကို အကောင်းဆုံးအသုံးချဖို့ကတော့ သင့်အဖွဲ့သားတွေ အချင်းချင်းနဲ့ မိမိတို့ပြင်ဆင်ထားတဲ့ အိုင်ဒီယာတွေကို စမ်းသပ်ကြည့်ပြီး အကောင်းဆုံးငြင်းခုံ ချေပချက်တွေကို တည်ဆောက်ခြင်းသာ ဖြစ်ပါတယ်။
ပြိုင်ဘက်နေရာကနေ ဝင်ကြည့်ပါ
အခြားသူတွေရဲ့ အမြင်ကနေ ဝင်ကြည့်ပြီး သူတို့ရဲ့ ထင်မြင်ချက်တွေ လေ့လာပါ။ အဲ့ဒီလို လုပ်ခြင်းဖြင့် သင့်ရဲ့ အားနည်းချက်တွေကို သင်ရှာဖွေတွေ့ရှိပြီး နားလည်အောင် အကူအညီရပါတယ်။ အဲ့ဒီလိုလုပ်ကြည့်ရင်သင့်ပြိုင်ဘက်ရဲ့ ပြောဆိုငြင်းခုံချက်တွေကို ထောက်ပံ့နေတဲ့ အခြေခံ အိုင်ဒီယာတွေကို သင်သဘောတူကောင်း တူမှာ ဖြစ်ပေမဲ့ သူ့ရဲ့ တင်ပြချက်တွေကို ပြုလုပ်မယ့် ဗျူဟာတွေကိုတော့ သဘောတူမှာ မဟုတ်ဘူးပေါ့။ဒါကလည်း ခက်ခဲတတ်ပါတယ်။ အတွေ့အကြုံရင့်တဲ့ စကားစစ်ထိုးသူတွေဟာ ရှုပ်ထွေးတဲ့ တင်ပြချက် case တွေတည်ဆောက်ခြင်းရဲ့ အားသာချက်ကို မြင်ပေမဲ့ အချို့ကတော့ အဲ့ဒီလိုမျိုးတင်ပြချက်တွေကို မိမိ လိုရာ လမ်းကြောင်းပေါ် ဆွဲယူသွားဖို့ မတတ်စွမ်းပါဘူး။ ဒါက ဘယ်လိုမျိုးလဲဆိုရင် ပြိုင်ဘက်ပြောကြားချက်တစ်ချို့ကို မိမိက သဘောတူသလိုမျိုး လိုက်လျောပြီး မျှောဝင်ကာ သူတို့က မိမိရဲ့ ချေပချက်ကို တည်ပြီး မိမိအပေါ်တန်ပြန် ထိုးစစ် ဆင်မရတော့ဘဲ ဖြစ်နေစေတာမျိုးပေါ့။ အလွန်ရှုပ်ထွေးတဲ့ case တွေလိုမျိုးမှာ ဆိုရင် စကားစစ်ထိုးပွဲက ဘက်နှစ်ဘက်ကြား ထောက်ခံချက်နဲ့ ကန့်ကွက်ချက်တွေဟာ ဟိုဘက် ဒီဘက်ပြောင်းပြန်တွေ ဖြစ်ကုန်တဲ့အထိ လည်သွားတတ်ပါတယ်။
မိသားစုတွင်းမှာ ငြင်းခုံရင်သတိထားပါ
စကားရည်လုပွဲ ပြိုင်ပွဲဟာ သင့်သူငယ်ချင်းများ၊ မိသားစုဝင်များနဲ့ ငြင်းခုံတာနဲ့ အများကြီးကွာခြားပါတယ်။ အထိန်းအသိမ်းရဲ့ ယှဉ်ပြိုင်ရတဲ့စကားရည်လုပြိုင်ပွဲရဲ့ တင်းမာမှုတွေထဲမှာတော့ သင့်ပြိုင်ဘက်ရဲ့ အိုင်ဒီယာတွေကို အားနည်း ချိနဲ့သွားအောင် လုပ်ဖို့ သင့်ကို competition spirit ဆိုတဲ့ "ယှဉ်ပြိုင်ခြင်း စိတ်ဓါတ်" ကသာ လှုံ့ဆော် အာရုံပြုစေပါတယ်။ ဒါပေမဲ့ မိမိရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ငြင်းခုံတဲ့ အခါမှတော့ ဒီလိုမျိုးခက်ခဲတဲ့ ဗျူဟာတွေ သုံးလို့မရတာမို့ သူတို့အတွက် အဆင်မပြေတာ၊ ခံရခက်တာမျိုးဖြစ်နိုင်ပါတယ်။မိမိရဲ့ အိုင်ဒီယာတစ်ခုကို အများက လက်ခံလာအောင်လုပ်တာ၊ အကြောင်းအရာ cause တစ်ခုအတွက် ဦးဆောင် တိုက်ပွဲဝင်တဲ့အခါ၊ ဒါမှမဟုတ် မိမိရဲ့ အလုပ်အကိုင် အခွင့်အလမ်းအတွက် တင်ပြမှုတွေ ပြုလုပ်တဲ့အခါ debating skills ဆိုတဲ့ ဒီစကားစစ်ထိုးတဲ့ စွမ်းရည်တွေဟာ အလွန်အသုံးဝင်လှပါတယ်။ ဒါပေမဲ့ နေ့စဉ်သာမန် ပြောစကားထဲမှာလည်း အငြင်းအခုံဖြစ်ခဲ့ရင် အရှုံးမပေးချင်လို့ စကားစစ်ထိုးဗျူဟာတွေ ဘာတွေသုံးလို့လည်း လက်တွေ့မဆန်၊ အသုံးမဝင်ပါဘူး။ဒါကြောင့် ကျွန်တော့်အနေနဲ့ ပြောရရင် ကျွန်တော်ရဲ့ စကားစစ်ထိုးစွမ်းရည်တွေကို အိမ်နဲ့ ဝေးရာမှာဘဲ ထားပါတယ်။ ဘဝဆိုတာ ပတ်ဝန်းကျင်က လူတွေနဲ့ အပေးအယူမျှမျှတတနဲ့ အလျှော့အတင်းကလေး လုပ်ပြီး ပေါင်းသင်းဆက်ဆံရတာဖြစ်လို့ ကျွန်တော်ရဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ သင့်တင့်ပြီး အလျှော့ အတင်းလေးနဲ့ ပေါင်းသင်းပါတယ်။အငြင်းအခုံတိုင်းဟာ အကျိုးမရှိပါဒါကတော့ သင်စကားပြောဆိုတဲ့သူနဲ့ ဆိုင်ပါတယ်။ တစ်ခါတစ်လေ အသိဥာဏ်အမျှော်အမြင်ကို အခြေခံတဲ့ ငြင်းခုံမှုတွေဟာ အကျိုးရှိစေပြီး နှစ်ဦးနှစ်ဘက်လုံးကိုလည်း အခြေအနေတွေကို လက်ခံနားလည်စေပါတယ်။ ဒါပေမဲ့အမြင်ကျဉ်းလွန်းတဲ့၊ အစွန်းရောက်လွန်းတဲ့ သူတွေနဲ့ ငြင်းခုံတဲ့အခါ အလွန်အန္တရာယ်များပါတယ်။ ဒါကြောင့်မို့လို့ လူတစ်ယောက်ရဲ့ နားထောင်ပေးနိုင်တဲ့ စွမ်းရည်၊ တစ်ဖက်သားရဲ့ အမြင်ကို လေးစားမှု စတာတွေကိုကြည့်ပြီးမှ အဲ့ဒီလူနဲ့ ငြင်းခုံသင့် မသင့်ကို ကျွန်တော်ဆုံးဖြတ်တဲ့အပြင် နှစ်ဉ်ီးနှစ်ဘက် အကျိုးဖြစ်ထွန်းမယ့် အငြင်းအခုံဆိုရင် ဆက်ငြင်းခုံပြီး၊ ဒါမှမဟုတ်အကျိုးထက် အပြစ်ကိုသာ ပိုဖြစ်ထွန်းစေပြီး အချိန်ကုန် လူပန်းဖြစ်စေတာမျိုးဆိုရင် နှုတ်ဆိတ်ပြီး ဥပေက္ခာပြုလိုက်ပါတယ်။သင့်ပြိုင်ဘက်နှင့် အခြေခံစည်းကမ်းချက်သတ်မှတ်ထားပါစကားရည်လုပွဲတွေမှာဆိုရင် ပြိုင်ပွဲကော်မီတီက စည်းကမ်းချက်တွေ သတ်မှတ်ပေးထားပြီးသားမို့လို့ သင့်ပြိုင်ဘက်ကို သင်ကတူညီတဲ့ စည်းကမ်းချက်တွေ ချမှတ်လိုက်နာခိုင်းစရာ မလိုပါဘူး။ နေ့စဉ်လူမှုဘဝ ပြောစကားတွေမှာဆိုရင်တော့ အလွန်ခက်ခဲပါတယ်။ အချို့ လူမှုရေးအရ သိတတ်ရမယ့် အခြေခံစည်းကမ်းချက်တွေကတော့ ဥပမာ - တစ်ယောက်ကို တစ်ယောက် နားထောင်ပေးတာ၊ အပြန်အလှန်လေးစားတာ၊ စကားပြောဖို့ သာတူညီမျှ အချိန်ပေးတာ၊ တစ်ဦးကိုတစ်ဦး အပြန်အလှန် ချေပပြောဆိုခွင့် ပေးတာစတာတွေ ဖြစ်ပါတယ်။
British Council Voices Magazine မှ Hitham Elhimmali ၏How to win an argument ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။
Comments
Post a Comment