Cloud storage အကြောင်း


Cloud storage အကြောင်း

By Htet Zaw Htoo


Cloud storage အကြောင်း နည်းနည်းရေးလေးပြောပါရစေခင်ဗျာ။ Cloud storage ဆိုတာကို အကျဉ်းပြောရရင် အွန်လိုင်းဒေတာ သိုလှောင်မှုစနစ် (online data storage) ဖြစ်ပါတယ် ခင်ဗျာ၊ နောက်ထပ် အသုံးပြုသူ (users) တွေဆီကို အလွယ်တကူရှယ်နိုင်အောင် လုပ်ပေးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ ဓာတ်ပုံတွေ၊ e-book တွေ၊ ဗီဒီယိုတွေကို memory card တွေ၊ ဖုန်းမှာပါတဲ့ build-in storage တွေထဲမှာ သိမ်းဆည်းရတာ စိတ်မချရပါဘူး။ ပြဿနာတစ်ခုခုကြောင့် storage က junk ဖြစ်ပြီး ပျက်သွားနိုင်တယ်လေ။ ဒါကို cloud storage စနစ်ဖြစ်တဲ့ Dropbox ၊ box၊ mediafire, P cloud, စတာတွေမှာ ကိုယ်ပိုင် account နဲ့ သိမ်းဆည်းထားမယ်ဆိုရင် ကိုယ်ပြန်လိုချင်တဲ့အချိန်မှာ ပြန်ပြီး ယူလို့ရပါတယ်။ account လုပ်ထားတဲ့ gmail နဲ့ password မှတ်ထားဖို့ပါပဲ။ password မေ့သွားရင်တောင် Forgot Password စနစ်ပါတာမို့ account ကို ပြန်ယူလို့ရပါတယ်။ Mega လို့ခေါ်တဲ့ cloud storage app မှာတော့ password မေ့ရင် ပြန်ယူလို့မရပါဘူး။ Cloud storage ကို သုံးနိုင်တဲ့ mobile application များစွာရှိပါတယ်။ အဲ့ application တွေမှာ user တွေကို အတိုင်းအတာတစ်ခုအထိ free သုံးခွင့်ပေးပါတယ်။ Dropbox က နာမည်ကြီးပေမယ့် free storage က 2GB သာ ရတာဖြစ်ပါတယ်။ 2GB ကျော်သွားရင် တစ်လကို 9.99$ ကျသင့်မှာပါ။ နောက် Google ရဲ့ Drive က free storage က 15GB ရပါတယ်။ Mediafire က 12GB free ရပါတယ်။ နောက် အားလုံးနဲ့ရင်းနှီးတဲ့ P Cloud က 20 GB ထိ free ရပါတယ်။ ခုပြောတာတွေက ကျွန်တော်လက်ရှိသုံးနေ တဲ့ cloud storage application တွေပါ။ နောက်ထပ်များစွာရှိပါတယ်။ i-phone အသုံးပြုသူတွေအတွက် i-Cloud ရှိပါတယ်။ Microsoft ရဲ့ One driveလည်း ရှိပါတယ်။ အသုံးပြုရတာလည်း လွယ်ကူရိုးရှင်းပါတယ်။ သူငယ်ချင်းချင်း ဘယ်လောက်ပဲဝေးဝေး ဘာပဲရှယ်ချင်ရှယ်ချင် လွယ်လွယ်ကူကူ ရှယ်နိုင်ပါတယ်။ ဒါဟာ Cloud storage ရဲ့အားသာချက်ဖြစ်ပါတယ်ခင်ဗျာ။

Comments