ကျနော်ရေးသားခဲ့သော English စာအသုံးများ
13 reasons why ကိုကြည့်ရင်းနဲ့ ဇာတ်ကောင်တွေ အသုံးများတဲ့ fucking ဆိုတဲ့ စကားလုံးကို သတိထားမိပါတယ်။ fucking က spoken language မှာ သုံးပြီး taboo word [ရှက်စရာကောင်း လို့ (သို့) ရိုင်းလို့ လူတွေ ရှောင်ကြတဲ့ စကားလုံး] ဖြစ်ပါတယ်။ to emphasize that you are angry or annoyed 'ကိုယ်စိတ်ပျက်နေတာ (သို့) စိတ်ဆိုးနေတာကို ပေါ်လွင်စေဖို့ အလေးပေးပြောရမှာ သုံးပါတယ်။
E.g It's none of your fucking business. Just stay away.
မင့်အပူ တစ်ပြားမှမပါဘူး၊ ဝေးဝေးမှာပဲနေ။😠
နောက်ထပ် အဓိပ္ပါယ်ကတော့ to emphasize your opinion of something 'တစ်ခုခုနဲ့ ပက်သတ်ပြီး ကိုယ့်အမြင်ကို ပိုပြီးတော့ပေါ်လွင်အောင် ဖော်ပြရာမှာ သုံးပါတယ်'။
E.g That's fucking good coffee.
သောက်ရမ်းကောင်းတဲ့ ကော်ဖီကွာ။
What a fucking idiot!
သောက်ရမ်းတုံးတဲ့ကောင်!
PS ရိုင်းသွားရင်ခွင့်လွှတ်ပါ၊ မြန်မာအသုံးနဲ့ ယှဉ်ပြချင်လို့ပါ။😊
Ref: Longman dictionary
Htet Zaw Htoo
https://m.facebook.com/story.php?story_fbid=1863868040547040&id=100007715856728
Proverb (သို့) Saying ဆိုတာ ဘာသာစကားတိုင်းမှာ ရှိပါတယ်။ 'စကားပုံ' ဆိုတာ ဘဝမှာ ဆောင်ရန်၊ ရှောင်ရန် အရာတွေကို လမ်းညွှန်ထားတဲ့အရာတွေပဲ ဖြစ်ပါတယ်။ ဒီနေ့တော့ English proverb နှစ်ခု ရှယ်ပါရစေဗျာ။
ပထမတစ်ခုက Absence makes the heart grow fonder ပါ။ အဓိပ္ပါယ်က Being away from someone or something for a period of time makes you appreciate that person or thing more when you see them or it again "တစ်စုံတစ်ယောက် (သို့) တစ်ခုခုနဲ့ အချိန်အတိုင်းအတာတစ်ခုအထိ အဝေးမှာ ရှိနေပြီး သူတို့နဲ့ ပြန်တွေ့တဲ့အခါ နဂိုကထက် ပိုပြီးတန်ဖိုးထားလာတယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ မြန်မာစကားပုံဖြစ်တဲ့ 'နီးတကျက်ကျက် ဝေးတသက်သက်' နဲ့ဆင်ပါတယ်။
E.g I used to hate going to my aunt's house but I miss it when I stay away from it. Absence makes the heart grow fonder. 😢
နောက်တစ်ခုက The grass is always greener on the other side of the fence ပါ။ အဓိပ္ပါယ်က people always want what they don’t have လူတွေဟာ ကိုယ့်မရှိတာကိုမှ လိုချင်/တောင့်တကြတယ်လို့ အဓိပ္ပါယ်ရပါတယ်။ မြန်မာစကားပုံဖြစ်တဲ့ "ရွာနားကမြက် ရွာနားမစား" နဲ့ဆင်ပါတယ်။
Ko Htet: My job is so tedious. I wish I had my own business, like Ko Zaw does.
Ko Htoo: Ko Zaw probably wishes he had the security of his old job. The grass is always greener on the other side of the fence.
အခွင့်ကြုံတဲ့အခါထည့်သုံးကြည့်ကြပါဦး။ ☺☺
Htet Zaw Htoo
Ref: engVid.com
https://m.facebook.com/story.php?story_fbid=1861102317490279&id=100007715856728
☆Handsome ဆိုတာ ယောက်ျားလေးအတွက်ပဲ သုံးရတာလား?
မိန်းကလေးတွေ/ကလေးတွေ ချစ်စဖွယ်မျက်နှာရှိရင် လှရင် beautiful, pretty ၊ ယောက်ျားလေးတွေ ခန့်ရင်ချောရင် handsome ကို သုံးရမယ်လို့ ကလေးတွေကို ပြောဖြစ်ပါတယ်။ Eleanor H.porter ရေးတဲ့ Pollyanna ဝတ္တုလေးကို ဖတ်ရင်းနဲ့မှ handsome က မိန်းကလေးအတွက်လည်း သုံးနိုင်ကြောင်း သိရပါတယ်။ အဲ့ဒီဝတ္တုထဲမှာပါတဲ့ စာကြောင်းတစ်ကြောင်းဖြစ်တဲ့ She used to be right handsome မှာ handsomeက သာမန်လှတာမျိုးထက် ကျန်းမာကြံ့ခိုင်တဲ့ပုံစံနဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးလို့ အဓိပ္ပါယ်ရပါတယ်။
☆ a handsome woman is a woman who looks attractive in a strong healthy way.
E.g Daw lay was handsome when she was young.
အားလုံးကို ကျေးဇူးတင်ပါသည်။

Comments
Post a Comment