Might နှင့် mighty အသုံးများ (ထက်ဇော်ထူး)

Might နှင့် mighty အသုံးများ


- Htet Zaw Htoo

ဒီနေ့တော့ စကားလုံးလေးတစ်ခု ရှယ်ပါရစေခင်ဗျာ။ might ကို ကျွန်တော်တို့ modal verb အဖြစ် သိထားပေမယ့် သူက Noun အနေနဲ့လည်း သုံးလို့ရပါတယ်။ strength, power or force လို့ အဓိပ္ပါယ်ရပါတယ်။

E.g The bird struggled with all her might to get free. 
ငှက်ကလေးက သူလွတ်ဖို့ အားအသားကုန်နဲ့ ရုန်းသွားတယ်။

ထင်ရှားတဲ့အသုံးက Might is rightပါ။ US ကတော့ Might makes right လို့သုံးပါတယ်။ 
"အများကသဘောမတူပေမယ့် အာဏာပါဝါရှိတဲ့သူတွေဟာ သူတို့လုပ်ချင်တဲ့ ဘယ်အရာမဆို လုပ်နိုင်ကြတယ်လို့" အဓိပ္ပါယ်ရပါတယ်။

နောက် old-fashioned ဖြစ်တဲ့ with might and main ဆိုတဲ့ အသုံးလည်းရှိပါတယ်။ as much effort as possible "ရှိသမျှအားစိုက်ထုတ်၍" လို့ အဓိပ္ပါယ်ရပါတယ်။

E.g She shouted with might and main but nobody recused her. 
သူ(မ) ရှိသမျှအားနဲ့ အသားကုန်အော်ခဲ့တယ်၊ ဒါပေမယ့် ဘယ်သူမှ လာမကယ်ခဲ့ကြဘူး။

ကြုံတုန်းမို့ဆက်ပြောပါရစေခင်ဗျာ။ mighty ဆိုပြီး adjective အနေနဲ့လည်း သုံးနိုင်ပါတယ်။ very strong and powerful, or very big and impressive လို့ အဓိပ္ပါယ်ရပါတယ်။ 

E.g The Ayeyarwaddy river is a mighty river in our country. 
ကျွန်တော်တို့နိုင်ငံမှာ ဧရာဝတီက မြစ်ကြီးတစ်စင်းဗျ။

The United State of America has a mighty army. 
အမေရိကန်မှာ အင်အားကြီးစစ်တပ်ရှိတယ်။

mighty က adverb အနေနဲ့လည်း သုံးနိုင်ပြီး very လို့ အဓိပ္ပါယ်ရပါတယ်။

E.g You seem mighty sure of your facts. 
မင်းပြောတဲ့အချက်တွေနဲ့ပက်သတ်ပြီး မင်းအတော်သေချာနေပုံရတယ်။

အခါအခွင့်သင့်ရင် ထည့်သုံးကြည့်ပါခင်ဗျာ။

Comments