ေျပာင္းလဲၾကရေအာင္

ေျပာင္းလဲၾကရေအာင္

  - Myanmar Network မွကူးယူေဖာ္ျပသည္။      

ကၽြန္ေတာ္တို႔ လူသားမ်ားအားလံုးနီးပါးသည္ အေျပာင္းအလဲကုိ ႏွစ္ၿခိဳက္သေဘာက်သူမ်ား ျဖစ္သည္။ ထို႔ေၾကာင့္ပင္ ပိုမိုသက္သာေအာင္၊ ပိုမိုလြယ္ကူေအာင္၊ ပိုမိုတိုးတက္ေအာင္ စဥ္းစားေတြးေခၚ တီထြင္ရင္း ေက်ာက္ေခတ္မွသည္ ယေန႔ အိုင္တီေခတ္အထိ တိုးတက္ထြန္းကားလာခဲ့ျခင္းျဖစ္သည္။
          မိမိလူမ်ိဳး၊ မိမိႏိုင္ငံကိုခ်စ္စိတ္ျဖင့္ တိုးတက္ေျပာင္းလဲလိုသူခ်ည္းျဖစ္သည္။ မၿငိမ္းခ်မ္းသည့္ႏိုင္ငံက ၿငိမ္းခ်မ္းေရးကို လိုခ်င္သည္။ ၿငိမ္းခ်မ္းသည့္ႏိုင္ငံက တိုးတက္မႈကို လိုလားသည္။ တိုးတက္သည့္ ႏိုင္ငံက ပိုမိုတိုးတက္လိုသည္။ ပိုမိုတိုးတက္ေအာင္ ဖန္တီးႏိုင္မည့္ ေခါင္းေဆာင္ကို ေမွ်ာ္လင့္သည္။ အေျပာင္းအလဲကုိ လိုလားသည္။ ထို႔ေၾကာင့္ပင္ (Barack Obama)ဘားရက္အိုဘားမားသည္ အားလံုးကုိ ေျပာင္းပစ္မယ္ ဆိုေသာ ေၾကြးေၾကာ္သံျဖင့္ (၄၄)ေယာက္ေျမာက္ အေမရိကန္သမၼတေနရာကို တက္လွမ္း သြားႏိုင္ခဲ့သည္။ ကၽြန္ေတာ္တို႔ ႏိုင္ငံတြင္လည္း ေျပာင္းလဲခ်ိန္တန္ၿပီ ဆိုေသာ စကားသံတို႔ က်ယ္ေလာင္ခဲ့ ဖူးသည္။
          ယခုအခ်ိန္တြင္ လူထုအားႏွင့္အတူ ျပည္သူတို႔ လိုလားေတာင့္တေနသည့္ ေခါင္းေဆာင္တို႔ ဦးေဆာင္ေနရခ်ိန္ ျဖစ္သည္။ ျပည္သူတို႔ ေမွ်ာ္လင့္ထားသလို တိုးတက္ေျပာင္းလဲလာပါသလား။ ရာႏႈန္းျပည့္ မေအာင္ျမင္ေသး ဆိုသည္ကေတာ့ ေသခ်ာသည္။ တခ်ိဳ႕ေတြကေတာ့ အားမလို အားမရျဖစ္ကာ လက္သန္းကို ျဖတ္ပစ္ခ်င္တယ္ဆိုေသာ စကားသံတို႔ ထြက္လာၾကသည္။ မိမိတို႔ႏွစ္သက္သည့္၊ မိိမိတို႔ေထာက္ခံသည့္ ေခါင္းေဆာင္ကို စိတ္ႀကိဳက္ေရြးခ်ယ္ကာ မဲေပးခြင့္ရၾကသည့္ကာလတြင္ မွင္စြန္းေနသည့္ လက္သန္းကို ေထာင္ကာ ဂုဏ္ယူခဲ့ၾကသူမ်ားမွာလည္း ထိုသူတို႔ပင္ျဖစ္သည္။ လက္သန္းမွင္စြန္းၿပီးသည္ႏွင့္ တာဝန္ေက်ၿပီ ထင္ေနၾကသူမ်ားျဖစ္သည္။
          ႏိုင္ငံတစ္ခု ဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ ေခါင္းေဆာင္ေကာင္းရွိဖို႔ လိုအပ္သည္မွာ မွန္သည္။ သို႔ေသာ္ ေခါင္းေဆာင္အေပၚတြင္ ရာႏႈန္းျပည့္ တည္မွီမေနဆိုသည္ကိုေတာ့ သူတို႔တေတြ ေမ့ေနၾကသည္။ (Respect & Responsibility) ဆိုေသာ စကားကုိ ေမ့ေနၾကသည္မွာလည္း ေသခ်ာသည္။
          ကၽြန္ေတာ္တို႔လူမ်ိဳး၏ အားနည္းခ်က္မွာ ေခါင္းေဆာင္ကို အားကိုးလြန္းျခင္း၊ ၾကည္ညိဳလြန္းျခင္း ျဖစ္သည္။ ဟိုးအတိတ္မွသည္ ယေန႔ေခတ္အထိတိုင္ ျဖစ္သည္။ သမိုင္းစာအုပ္ကို လွန္ၾကည့္မည္ဆိုလွ်င္ စစ္သူႀကီးက်သည္ႏွင့္ ရံႈးနိမ့္သြားရသည့္ စစ္ပြဲေတြအေၾကာင္း ေတြ႕ရမည္ျဖစ္သည္။ သို႔ေသာ္ ထိုစစ္သူႀကီး လက္ေအာက္တြင္ အမိန္႔ကိုနာခံေသာ၊ ေခါင္းေဆာင္ညႊန္ၾကားသည့္အတိုင္း ရဲဝ့ံတက္ၾကြစြာ လုပ္ေဆာင္မည့္ ငယ္သားမ်ားခ်ည္း ျဖစ္သည္။
          ယေန႔ေခတ္တြင္ ထိုသို႔ မဟုတ္ၾကေတာ့။ သန္႔ရွင္းသပ္ရပ္ေသာ ႏိုင္ငံျဖစ္ေစေရးအတြက္ အႀကီးအကဲမ်ားမွ အမိႈက္ေကာက္ျပသည့္အခါ တစ္ႏိုင္ငံလံုးနီးပါး အမိႈက္ေကာက္ျပၾကသည္။ သို႔ေသာ္ ရက္ပိုင္းမွ်သာ ျဖစ္သည္။ အမိႈက္ကုိ စနစ္တက် စြန္႔ပစ္ရမည္၊ သိမ္းယူရမည္ဟူေသာ အသိအဆင့္သို႔ တိုးတက္မလာေသာေၾကာင့္ လေပါင္းမ်ားစြာ ပိတ္ဆို႔ေနသည့္ ေရေျမာင္းမ်ား၊ အမိႈက္မ်ား စုပံုေနသည့္ ေနာက္ေဖးလမ္းၾကားမ်ားကို ရွင္းလင္းေပးၿပီး ေလးပတ္မွ်မၾကာမီတြင္ အမိႈက္မ်ားပံုၿမဲ၊ ေရေျမာင္းမ်ား ပိတ္ဆဲျဖစ္လာသည္။
          အေျပာင္းအလဲကို လိုလားေသာ လူမ်ားသည္ ကိုယ္တိုင္ေျပာင္းလဲရန္အတြက္ ေမ့ေနၾကသည္။ ေခါင္းေဆာင္ကိုသာ ေျပာင္းလဲလိုၾကသည္။ ကိုယ္တိုင္ေျပာင္းလဲရန္အတြက္ စိတ္မွ်ပင္ မကူးမိၾကေခ်။ ေသြးေႏြးလြယ္၊ ေသြးဆူလြယ္သေလာက္ ေသြးေအးလြယ္၊ ေသြးျဖဴလြယ္သူမ်ား ျဖစ္ေနၾကသည္။ အေျပာင္းအလဲကို လိုလားသေလာက္ မေျပာင္းလဲေသာ အေျခအေနႏွင့္ ဒုံရင္းအတိုင္း ႀကံဳေနၾကရသူမ်ား ျဖစ္သည္။
          အေတြးအေခၚေဟာင္း၊ လုပ္နည္းအေဟာင္းေတြကုိ ေျပာင္းလဲသင့္ၿပီျဖစ္သည္။ အေတြးအေခၚ ေျပာင္းသည္ႏွင့္ ဘဝသည္လည္း ေျပာင္းလဲရန္ အသင့္ျဖစ္ေနသည္။ ဘဝအေျချမင့္ ေျပာင္းလဲရန္အတြက္မူ ေျပာင္းလဲသြားသည့္ အေတြးအေခၚ၊ လုပ္ထံုးလုပ္နည္းအသစ္အတိုင္း အေကာင္အထည္ေဖာ္ႏိုင္ရန္သာ လိုပါေတာ့သည္။ အခ်ိန္ကာလ အတိုင္းအတာသာ ကြာမည္ျဖစ္ေသာ္လည္း ေအာင္ျမင္မည္က မုခ်ျဖစ္သည္။
          ဝန္းက်င္ကို သတိထားၾကည့္မည္ဆိုပါက အေတြးအေခၚေျပာင္းေနၾကသူမ်ား၊ အျမင္ေျပာင္း ေနၾကသူမ်ား အေျပာအဆိုအမူအရာတြင္ အရင္ႏွင့္မတူ ေျပာင္းလဲေနၾကသည္ကုိ ေတြ႕ရမည္ျဖစ္သည္။ လုပ္ငန္းခြင္အတြင္းတြင္ ရလဒ္တို႔ ေျပာင္းလာသည္ကုိလည္း ေတြ႕ရေပလိမ့္မည္။
          အေျပာင္းအလဲကို လိုလားသူ အေကာင္းျမင္သမားမ်ားက အမွားတစ္ခုႀကံဳသည္ႏွင့္ ကုိယ့္ေၾကာင့္ ဟုဆိုကာ တာဝန္ယူစိတ္အျပည့္ျဖင့္ ေဆာင္ရြက္သည္။ အခက္အခဲကုိ ေနာက္တစ္ဆင့္တက္ရန္အတြက္ ေလွကားဟု ယူဆကာ ရင္ဆိုင္ေျဖရွင္းသည္။
          တရားေသဆုပ္ကိုင္လိုသူတို႔ကမူ အမွားႀကံဳသည္ႏွင့္ သူ႔ေၾကာင့္ဟုဆိုကာ ေနာက္တြန္႔သည္။ ေရွာင္ေျပးသည္။ အတိတ္က ေရႊထီးေဆာင္းခ့ဲရသည့္အေျခအေနကို တမ္းတသည္။ လက္ရွိဘဝႏွင့္ ယွဥ္ကာ ညည္းတြားသည္။
          ဦးမေဆာင္ႏိုင္သူ၊ ေနာက္လိုက္မလုပ္လိုသူတို႔ကလည္း တစ္ခ်ိန္က မွားယြင္းခဲ့သည့္ အျဖစ္တို႔ကုိ သမုိင္းစာမ်က္ႏွာလွန္ကာ မည္သူ႔ေၾကာင့္၊ မည္ဝါ့ေၾကာင့္ အမည္တပ္ကာ ေခ်းေျခာက္ေရႏူးသလို ယေန႔ထိ ပယ္ပယ္နယ္နယ္ ကုိင္ေနၾကဆဲျဖစ္သည္။ ထိုသူတို႔မွာ သမိုင္းစာမ်က္ႏွာသစ္ကုိ ယေန႔ထိတိုင္ မလွန္ႏိုင္ၾကေသးသလို ေနာင္တြင္လည္း စာမ်က္ႏွာသစ္ ေရးႏိုင္ရန္အတြက္လည္း မေသခ်ာလွေခ်။ ေဘးထိုင္ဘုေျပာေနသည့္ စိတ္ဓာတ္ႏွင့္ လုပ္ရပ္ကို ေျပာင္းလဲပစ္ရန္ လိုအပ္သည္ မဟုတ္လား။
          ဆယ္စုႏွစ္ေပါင္းမ်ားစြာ ဖ်က္ဆီးခံထားရသည့္ စိတ္ဓာတ္ေတြမို႔ ဟူေသာ ေျပာသံကို ၾကားခဲ့ရဖူး သည္။ ထိုစိတ္ဓာတ္ေတြကို မျပင္ဆင္ၾကေတာ့ဘူးလား၊ ေျပာင္းလဲမရေတာ့ဘူးလားဟု ေမးခ်င္ပါသည္။ ျပဳျပင္ေျပာင္းလဲ၍ မရႏိုင္ေတာ့ဟု ဆိုပါလွ်င္ ဝမ္းနည္းဖြယ္ေကာင္းသည့္ အမွန္တရာတစ္ခုကို ေျပာျပခ်င္ပါသည္။ ေျပာင္းလဲခ်ိန္တန္သည့္တိုင္ မေျပာင္းလဲႏိုင္သည့္ သူေတြသည္ ၎တို႔ေသသြား သည့္တိုင္ လိုခ်င္သည့္ ေျပာင္းလဲျခင္းအက်ိဳးတရားကုိ မခံစားရႏုိင္ဆိုေသာ အမွန္တရားျဖစ္သည္။
          ေျပာင္းလဲခ်ိန္တန္ၿပီ၊ ေျပာင္းလဲခ်င္ပါသည္ဟု သံကုန္ေအာ္ဟစ္ေနမည့္အစား မိမိတို႔၏ စိတ္ဓာတ္အေဟာင္း၊ အေတြးအေခၚအေဟာင္း၊ လုပ္ထံုးလုပ္နည္းအေဟာင္းတို႔ကိုသာ ေျပာင္းလဲလိုက္ၾက ရေအာင္ဟု တိုက္တြန္းခ်င္ပါသည္။
          သို႔မွသာ ဖြံ႕ၿဖိဳးတိုးတက္သည့္ ဒီမိုကေရစီႏိုင္ငံေတာ္အျဖစ္ ကမၻာ့အလည္တြင္ ဝင့္ၾကြားႏိုင္မည္ ျဖစ္ေတာ့သည္။



                                                                                        ေလးစားစြာျဖင့္

                                                                                                             ထူးေအာင္ဝင့္

Unicode Version 

ပြောင်းလဲကြရအောင်


  - Myanmar Network မှကူးယူဖော်ပြသည်။      

ကျွန်တော်တို့ လူသားများအားလုံးနီးပါးသည် အပြောင်းအလဲကို နှစ်ခြိုက်သဘောကျသူများ ဖြစ်သည်။ ထို့ကြောင့်ပင် ပိုမိုသက်သာအောင်၊ ပိုမိုလွယ်ကူအောင်၊ ပိုမိုတိုးတက်အောင် စဉ်းစားတွေးခေါ် တီထွင်ရင်း ကျောက်ခေတ်မှသည် ယနေ့ အိုင်တီခေတ်အထိ တိုးတက်ထွန်းကားလာခဲ့ခြင်းဖြစ်သည်။
          မိမိလူမျိုး၊ မိမိနိုင်ငံကိုချစ်စိတ်ဖြင့် တိုးတက်ပြောင်းလဲလိုသူချည်းဖြစ်သည်။ မငြိမ်းချမ်းသည့်နိုင်ငံက ငြိမ်းချမ်းရေးကို လိုချင်သည်။ ငြိမ်းချမ်းသည့်နိုင်ငံက တိုးတက်မှုကို လိုလားသည်။ တိုးတက်သည့် နိုင်ငံက ပိုမိုတိုးတက်လိုသည်။ ပိုမိုတိုးတက်အောင် ဖန်တီးနိုင်မည့် ခေါင်းဆောင်ကို မျှော်လင့်သည်။ အပြောင်းအလဲကို လိုလားသည်။ ထို့ကြောင့်ပင် (Barack Obama)ဘားရက်အိုဘားမားသည် အားလုံးကို ပြောင်းပစ်မယ် ဆိုသော ကြွေးကြော်သံဖြင့် (၄၄)ယောက်မြောက် အမေရိကန်သမ္မတနေရာကို တက်လှမ်း သွားနိုင်ခဲ့သည်။ ကျွန်တော်တို့ နိုင်ငံတွင်လည်း ပြောင်းလဲချိန်တန်ပြီ ဆိုသော စကားသံတို့ ကျယ်လောင်ခဲ့ ဖူးသည်။
          ယခုအချိန်တွင် လူထုအားနှင့်အတူ ပြည်သူတို့ လိုလားတောင့်တနေသည့် ခေါင်းဆောင်တို့ ဦးဆောင်နေရချိန် ဖြစ်သည်။ ပြည်သူတို့ မျှော်လင့်ထားသလို တိုးတက်ပြောင်းလဲလာပါသလား။ ရာနှုန်းပြည့် မအောင်မြင်သေး ဆိုသည်ကတော့ သေချာသည်။ တချို့တွေကတော့ အားမလို အားမရဖြစ်ကာ လက်သန်းကို ဖြတ်ပစ်ချင်တယ်ဆိုသော စကားသံတို့ ထွက်လာကြသည်။ မိမိတို့နှစ်သက်သည့်၊ မိမိတို့ထောက်ခံသည့် ခေါင်းဆောင်ကို စိတ်ကြိုက်ရွေးချယ်ကာ မဲပေးခွင့်ရကြသည့်ကာလတွင် မှင်စွန်းနေသည့် လက်သန်းကို ထောင်ကာ ဂုဏ်ယူခဲ့ကြသူများမှာလည်း ထိုသူတို့ပင်ဖြစ်သည်။ လက်သန်းမှင်စွန်းပြီးသည်နှင့် တာဝန်ကျေပြီ ထင်နေကြသူများဖြစ်သည်။
          နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရန်အတွက် ခေါင်းဆောင်ကောင်းရှိဖို့ လိုအပ်သည်မှာ မှန်သည်။ သို့သော် ခေါင်းဆောင်အပေါ်တွင် ရာနှုန်းပြည့် တည်မှီမနေဆိုသည်ကိုတော့ သူတို့တတွေ မေ့နေကြသည်။ (Respect & Responsibility) ဆိုသော စကားကို မေ့နေကြသည်မှာလည်း သေချာသည်။
          ကျွန်တော်တို့လူမျိုး၏ အားနည်းချက်မှာ ခေါင်းဆောင်ကို အားကိုးလွန်းခြင်း၊ ကြည်ညိုလွန်းခြင်း ဖြစ်သည်။ ဟိုးအတိတ်မှသည် ယနေ့ခေတ်အထိတိုင် ဖြစ်သည်။ သမိုင်းစာအုပ်ကို လှန်ကြည့်မည်ဆိုလျှင် စစ်သူကြီးကျသည်နှင့် ရှုံးနိမ့်သွားရသည့် စစ်ပွဲတွေအကြောင်း တွေ့ရမည်ဖြစ်သည်။ သို့သော် ထိုစစ်သူကြီး လက်အောက်တွင် အမိန့်ကိုနာခံသော၊ ခေါင်းဆောင်ညွှန်ကြားသည့်အတိုင်း ရဲဝံ့တက်ကြွစွာ လုပ်ဆောင်မည့် ငယ်သားများချည်း ဖြစ်သည်။
          ယနေ့ခေတ်တွင် ထိုသို့ မဟုတ်ကြတော့။ သန့်ရှင်းသပ်ရပ်သော နိုင်ငံဖြစ်စေရေးအတွက် အကြီးအကဲများမှ အမှိုက်ကောက်ပြသည့်အခါ တစ်နိုင်ငံလုံးနီးပါး အမှိုက်ကောက်ပြကြသည်။ သို့သော် ရက်ပိုင်းမျှသာ ဖြစ်သည်။ အမှိုက်ကို စနစ်တကျ စွန့်ပစ်ရမည်၊ သိမ်းယူရမည်ဟူသော အသိအဆင့်သို့ တိုးတက်မလာသောကြောင့် လပေါင်းများစွာ ပိတ်ဆို့နေသည့် ရေမြောင်းများ၊ အမှိုက်များ စုပုံနေသည့် နောက်ဖေးလမ်းကြားများကို ရှင်းလင်းပေးပြီး လေးပတ်မျှမကြာမီတွင် အမှိုက်များပုံမြဲ၊ ရေမြောင်းများ ပိတ်ဆဲဖြစ်လာသည်။
          အပြောင်းအလဲကို လိုလားသော လူများသည် ကိုယ်တိုင်ပြောင်းလဲရန်အတွက် မေ့နေကြသည်။ ခေါင်းဆောင်ကိုသာ ပြောင်းလဲလိုကြသည်။ ကိုယ်တိုင်ပြောင်းလဲရန်အတွက် စိတ်မျှပင် မကူးမိကြချေ။ သွေးနွေးလွယ်၊ သွေးဆူလွယ်သလောက် သွေးအေးလွယ်၊ သွေးဖြူလွယ်သူများ ဖြစ်နေကြသည်။ အပြောင်းအလဲကို လိုလားသလောက် မပြောင်းလဲသော အခြေအနေနှင့် ဒုံရင်းအတိုင်း ကြုံနေကြရသူများ ဖြစ်သည်။
          အတွေးအခေါ်ဟောင်း၊ လုပ်နည်းအဟောင်းတွေကို ပြောင်းလဲသင့်ပြီဖြစ်သည်။ အတွေးအခေါ် ပြောင်းသည်နှင့် ဘဝသည်လည်း ပြောင်းလဲရန် အသင့်ဖြစ်နေသည်။ ဘဝအခြေမြင့် ပြောင်းလဲရန်အတွက်မူ ပြောင်းလဲသွားသည့် အတွေးအခေါ်၊ လုပ်ထုံးလုပ်နည်းအသစ်အတိုင်း အကောင်အထည်ဖော်နိုင်ရန်သာ လိုပါတော့သည်။ အချိန်ကာလ အတိုင်းအတာသာ ကွာမည်ဖြစ်သော်လည်း အောင်မြင်မည်က မုချဖြစ်သည်။
          ဝန်းကျင်ကို သတိထားကြည့်မည်ဆိုပါက အတွေးအခေါ်ပြောင်းနေကြသူများ၊ အမြင်ပြောင်း နေကြသူများ အပြောအဆိုအမူအရာတွင် အရင်နှင့်မတူ ပြောင်းလဲနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ လုပ်ငန်းခွင်အတွင်းတွင် ရလဒ်တို့ ပြောင်းလာသည်ကိုလည်း တွေ့ရပေလိမ့်မည်။
          အပြောင်းအလဲကို လိုလားသူ အကောင်းမြင်သမားများက အမှားတစ်ခုကြုံသည်နှင့် ကိုယ့်ကြောင့် ဟုဆိုကာ တာဝန်ယူစိတ်အပြည့်ဖြင့် ဆောင်ရွက်သည်။ အခက်အခဲကို နောက်တစ်ဆင့်တက်ရန်အတွက် လှေကားဟု ယူဆကာ ရင်ဆိုင်ဖြေရှင်းသည်။
          တရားသေဆုပ်ကိုင်လိုသူတို့ကမူ အမှားကြုံသည်နှင့် သူ့ကြောင့်ဟုဆိုကာ နောက်တွန့်သည်။ ရှောင်ပြေးသည်။ အတိတ်က ရွှေထီးဆောင်းခဲ့ရသည့်အခြေအနေကို တမ်းတသည်။ လက်ရှိဘဝနှင့် ယှဉ်ကာ ညည်းတွားသည်။
          ဦးမဆောင်နိုင်သူ၊ နောက်လိုက်မလုပ်လိုသူတို့ကလည်း တစ်ချိန်က မှားယွင်းခဲ့သည့် အဖြစ်တို့ကို သမိုင်းစာမျက်နှာလှန်ကာ မည်သူ့ကြောင့်၊ မည်ဝါ့ကြောင့် အမည်တပ်ကာ ချေးခြောက်ရေနူးသလို ယနေ့ထိ ပယ်ပယ်နယ်နယ် ကိုင်နေကြဆဲဖြစ်သည်။ ထိုသူတို့မှာ သမိုင်းစာမျက်နှာသစ်ကို ယနေ့ထိတိုင် မလှန်နိုင်ကြသေးသလို နောင်တွင်လည်း စာမျက်နှာသစ် ရေးနိုင်ရန်အတွက်လည်း မသေချာလှချေ။ ဘေးထိုင်ဘုပြောနေသည့် စိတ်ဓာတ်နှင့် လုပ်ရပ်ကို ပြောင်းလဲပစ်ရန် လိုအပ်သည် မဟုတ်လား။
          ဆယ်စုနှစ်ပေါင်းများစွာ ဖျက်ဆီးခံထားရသည့် စိတ်ဓာတ်တွေမို့ ဟူသော ပြောသံကို ကြားခဲ့ရဖူး သည်။ ထိုစိတ်ဓာတ်တွေကို မပြင်ဆင်ကြတော့ဘူးလား၊ ပြောင်းလဲမရတော့ဘူးလားဟု မေးချင်ပါသည်။ ပြုပြင်ပြောင်းလဲ၍ မရနိုင်တော့ဟု ဆိုပါလျှင် ဝမ်းနည်းဖွယ်ကောင်းသည့် အမှန်တရာတစ်ခုကို ပြောပြချင်ပါသည်။ ပြောင်းလဲချိန်တန်သည့်တိုင် မပြောင်းလဲနိုင်သည့် သူတွေသည် ၎င်းတို့သေသွား သည့်တိုင် လိုချင်သည့် ပြောင်းလဲခြင်းအကျိုးတရားကို မခံစားရနိုင်ဆိုသော အမှန်တရားဖြစ်သည်။
          ပြောင်းလဲချိန်တန်ပြီ၊ ပြောင်းလဲချင်ပါသည်ဟု သံကုန်အော်ဟစ်နေမည့်အစား မိမိတို့၏ စိတ်ဓာတ်အဟောင်း၊ အတွေးအခေါ်အဟောင်း၊ လုပ်ထုံးလုပ်နည်းအဟောင်းတို့ကိုသာ ပြောင်းလဲလိုက်ကြ ရအောင်ဟု တိုက်တွန်းချင်ပါသည်။
          သို့မှသာ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်အဖြစ် ကမ္ဘာ့အလည်တွင် ဝင့်ကြွားနိုင်မည် ဖြစ်တော့သည်။

                                                                                        လေးစားစွာဖြင့်

                                                                                                             ထူးအောင်ဝင့်



Comments

Post a Comment