How to us as if & as though ;by Htet Zaw Htoo
မဂၤလာပါခင္ဗ်ာ။
E.g She talked to us as if we were children.
It looks as though she's never met me before.
E.g She felt as if all her worries had gone.
Thanks.
Htet Zaw Htoo
Unicode Version
မင်္ဂလာပါခင်ဗျာ။
ဒီနေ့တော့as if နဲ့ as though တို့ရဲ့ အသုံးတွေကို ပြောပြပါရစေ။
☆ as if နဲ့ as though ဟာ Conjunction များဖြစ်ကြပြီး comparison (နှိုင်းယှဉ်ပြောဆို) တဲ့အခါမှာ သုံးပါတယ်။ as if နဲ့ as though ဟာအဓိပ္ပါယ်တူပါတယ်။ as if ကတော့ ပိုအသုံးများပါတယ်။
☆ as if နဲ့ as though ကို စိတ်ကူးယဉ်အခြေအနေ (imiginary situation) (သို့) အမှန်မဟုတ်ပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေမျိုးတွေမှာ အသုံးပြုနိုင်ပါတယ်။
## real situation နဲ့ imaginary situation ကို နှိုင်းယှဉ်ပြောဆိုရာတွင် as if နဲ့ as though ကို သုံးနိုင်ပါတယ်။ [Longman dictionary]
သူ(မ)က ကျွန်တော်တို့ကို ကလေးလေးတွေလို သဘောထား စကားပြောတယ်။
(ကြည့်ဇမ်း) သူ(မ)က ကျွန်တော့်ကို အရင်က မတွေ့ဘူးသလိုမျိုးပဲ။
☆ as if နဲ့ as though ရဲ့နောက်မှာ non-finite clause (သို့) prepositional phrase လိုက်ပြီးလည်း သုံးနိုင်ပါတယ်။
E.g They were shouting as if in panic.
သူတို့တွေ ပျော်ပွဲစားခရီးမှာလိုပဲ အော်နေလိုက်ကြတာ။
☆ feel နဲ့ look ရဲ့နောက်မှာလည်း as if နဲ့ as though သုံးနိုင်ပါတယ်။
သောကတွေ အားလုံးပျောက်ကွယ်သွားသလို သူ(မ) ခံစားရတယ်။
Informal English မှာ like ကို as if / as though ပုံစံအတိုင်း သုံးနိုင်ပါတယ်။ Formal မှာ incorrect text အနေနဲ့ ယူဆတယ်နော်။
E.g They act like they own this hostel.
(အမယ်လေး) သူတို့တွေ လုပ်နေကိုင်နေတာက ဒီအဆောင်ကြီးကို သူတို့ပဲ ပိုင်သလိုလိုနဲ့။
ကဲ အသုံးဝင်မယ်လို့ ယူဆပါတယ် ဘော်ဒါတို့ရေ။ ကိုယ်ပိုင်စာကြောင်းလေးတွေ ဖန်တီးကြည့်ပါဦး။