ေအာင္စာရင္းမွာနာမည္ပါမလာေသာ တပည့္မ်ားသို႔ /
ေအာင္စာရင္းမွာနာမည္ပါမလာေသာ တပည့္မ်ားသို႔ /
တပည့္ေရ . .
ဒါက မင္းဘဝရဲ ႔ပထမဆံုးရႈံးနိမ့္မႈျဖစ္ခ်င္ျဖစ္မယ္ ဒုတိယအၾကိမ္ (သို႔) ဒီထက္မက အၾကိမ္အေရအတြက္
မ်ားေကာင္းမ်ားေနလိမ့္မယ္ . .
ဒါေပမယ့္ မင္းသိထားရမွာက ေလာကမွာ မရႈံးဖူးတဲ႔သူ မရွိဘူးဆိုတာပဲ . .
မတူညီတဲ႔ တန္ျပန္မႈေတြေၾကာင့္ မတူညီတဲ႔ဘဝေတြမွာ
သူတို႔ေတြတည္ရွိေနၾကတယ္ . .
တစ္ခ်ဳိ႕က အျမင့္မွာ တစ္ခ်ဳိ႕က အနိမ့္မွာ တစ္ခ်ဳိ႕ၾကလဲ အလယ္အလတ္ . .
ေနာင္တစ္ခ်ိန္ မင္းဘယ္ေနရာမွာရွိေနမလဲဆိုတာ
အခုရလိုက္တဲ႔အရႈံူးကို မင္းဘယ္လိုတန္ျပန္မလဲဆိုတဲ႔ အေပၚမွာပဲ မူတည္ေနတယ္ . .
မေျပာႏိုင္ဘူးေလ . .
ေနာက္တစ္ႏွစ္ ပိုေကာင္းတဲ႔ ေအာင္ျမင္မႈေတြကို မင္းသိမ္းပိုက္ေနတဲ႔အခ်ိန္က်ရင္
အခုအရႈံးကိုေတာင္ မင္းေက်းဇူးတင္ေနမလားဆိုတာ. .
အရာရာတိုင္းဟာ ေကာင္းဖို႔ပဲျဖစ္လာတာပါလို႔
ယံုၾကည္ထားလိုက္ပါ တပည့္ေရ . .
အရႈံးေတြကို ေလာင္စာလုပ္ျပီး
ဘဝကိုု အလင္းျပမယ့္ မီးရႈးတန္ေဆာင္လုပ္ပစ္လိုက္ပါ.
အရႈံးတစ္ခုကို အရင္းျပဳျပီး
မင္းရဲ႕မနက္ျဖန္တိုင္းအတြက္ အျမတ္ထုတ္တတ္ပါေစ. .
ဒီေန႔ရဲ ႔ခါးသီးမႈက
မင္းရဲ႕မနက္ျဖန္တိုင္းအတြက္
ေဆးတစ္ခြက္ျဖစ္ပါေစ . .
မင္းရဲ႕ဘဝမွာ ေပါ့တီးေပါ့ဆ ေနျဖစ္တဲ႔အခါတိုင္း
ဒီေန႔ရဲ႕အရႈံးနဲ႔ ျပန္တည့္မတ္ပါ . .
"လဲက်တာ ရွက္စရာမဟုတ္ဘူး
ျပန္မထႏိုင္တာကမွ ရွက္စရာ" ပါတဲ႔ . .
တပည့္ေရ . .
ဆရာေတြကေတာ့ လက္ကမ္းလွ်က္ပါပဲ
မင္းကိုယ္တိုင္ ရုန္းထခ်င္စိတ္ရွိဖို႕ေတာ့လိုမယ္ေနာ္ . .
မိုင္မ်ဳိးမ်ဳိးဆန္း
Unicode Version
အောင်စာရင်းမှာနာမည်ပါမလာသော တပည့်များသို့ /
တပည့်ရေ . .
ဒါက မင်းဘဝရဲ့ပထမဆုံးရှုံးနိမ့်မှုဖြစ်ချင်ဖြစ်မယ် ဒုတိယအကြိမ် (သို့) ဒီထက်မက အကြိမ်အရေအတွက်
များကောင်းများနေလိမ့်မယ် . .
ဒါပေမယ့် မင်းသိထားရမှာက လောကမှာ မရှုံးဖူးတဲ့သူ မရှိဘူးဆိုတာပဲ . .
မတူညီတဲ့ တန်ပြန်မှုတွေကြောင့် မတူညီတဲ့ဘဝတွေမှာ
သူတို့တွေတည်ရှိနေကြတယ် . .
တစ်ချို့က အမြင့်မှာ တစ်ချို့က အနိမ့်မှာ တစ်ချို့ကြလဲ အလယ်အလတ် . .
နောင်တစ်ချိန် မင်းဘယ်နေရာမှာရှိနေမလဲဆိုတာ
အခုရလိုက်တဲ့အရှုူံးကို မင်းဘယ်လိုတန်ပြန်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်နေတယ် . .
မပြောနိုင်ဘူးလေ . .
နောက်တစ်နှစ် ပိုကောင်းတဲ့ အောင်မြင်မှုတွေကို မင်းသိမ်းပိုက်နေတဲ့အချိန်ကျရင်
အခုအရှုံးကိုတောင် မင်းကျေးဇူးတင်နေမလားဆိုတာ. .
အရာရာတိုင်းဟာ ကောင်းဖို့ပဲဖြစ်လာတာပါလို့
ယုံကြည်ထားလိုက်ပါ တပည့်ရေ . .
အရှုံးတွေကို လောင်စာလုပ်ပြီး
ဘဝကိုု အလင်းပြမယ့် မီးရှုးတန်ဆောင်လုပ်ပစ်လိုက်ပါ.
အရှုံးတစ်ခုကို အရင်းပြုပြီး
မင်းရဲ့မနက်ဖြန်တိုင်းအတွက် အမြတ်ထုတ်တတ်ပါစေ. .
ဒီနေ့ရဲ့ခါးသီးမှုက
မင်းရဲ့မနက်ဖြန်တိုင်းအတွက်
ဆေးတစ်ခွက်ဖြစ်ပါစေ . .
မင်းရဲ့ဘဝမှာ ပေါ့တီးပေါ့ဆ နေဖြစ်တဲ့အခါတိုင်း
ဒီနေ့ရဲ့အရှုံးနဲ့ ပြန်တည့်မတ်ပါ . .
"လဲကျတာ ရှက်စရာမဟုတ်ဘူး
ပြန်မထနိုင်တာကမှ ရှက်စရာ" ပါတဲ့ . .
တပည့်ရေ . .
ဆရာတွေကတော့ လက်ကမ်းလျှက်ပါပဲ
မင်းကိုယ်တိုင် ရုန်းထချင်စိတ်ရှိဖို့တော့လိုမယ်နော် . .
မိုင်မျိုးမျိုးဆန်း
Comments
Post a Comment