ဖုန္းေတြဖံုးေနတဲ့ကမ႓ာ

ဖုန္းေတြနဲ႔ ဖုံးေနတဲ့ ကမာၻ

.................................. (ဘုန္းႏြယ္)

အဆင္မေျပၾကသူေတြ
အဆင္ေျပ ျပခြင့္ရလို ရ

မေပ်ာ္ရႊင္ ၾကသူေတြ
ေပ်ာ္ရႊင္ျပခြင့္ရလို႔ ရ

စာမဖတ္ၾကသူေတြ
ပညာတတ္ႀကီးသဖြယ္ ျပခြင့္ရလို ရ

မလုံျခံဳ တဲ့သူေတြ
အထီးက်န္တဲ့လူေတြ 
ယုတ္မာ႐ိုင္းစိုင္း ေကာက္က်စ္သူေတြလည္း
စားက်က္ေျမ အသစ္ရလို႔ ေပ်ာ္ရတယ္

ငယ္ငယ္က
ကိုယ္တတ္ႏိုင္သမ်ွ
ေမြးေန႔လက္ေဆာင္ လက္ကိုင္ပုဝါေလးက
အခု
ဟပ္ပီးဘတ္ေဒး ေျပာလိုက္႐ုံနဲ႔ ရတယ္

တစ္ပတ္တစ္ခါ
မပ်က္ကြက္ခဲ့ၾကတဲ့ စာတိုက္ပုန္းအနီေလးဟာ
မေခၚမေျပာျဖစ္ၾကတဲ့ မီးစိမ္းေလးကို
တအံ႔တျသ ေငးေမာေနရတယ္

လူငယ္တစ္ဘဝစာ သိမ္းထားရတဲ့
ဓာတ္ပုံေလးဟာ
လိုတိုင္းတ ရႏိုင္တဲ့ အခြင့္အေရးကို
႐ွက္ရြံ႕အားငယ္

လမ္းေပၚက လူေတြကို
ျပံဳ းမျပျဖစ္ေတာ့ဘူးကြယ္
လိုင္းေပၚက လူေတြကို
ရယ္ျပ ငိုျပ လက္မေထာင္ၾကတယ္

ရည္းစားစာေလးမွာ
ရည္းစားစာမပါ
ေရေမႊးစာအိတ္ေလးမပါ
လိႈက္ဖို ေမာဟိုက္ျခင္းမပါ
ကိုယ့္လက္ေရးလက္သားမပါနဲ႔

ရင္ခုန္သံဟာ
ေစ်းေပါလာသမ်ွ
တန္ဖိုးက်လာတယ္....

ဒီေန႔...လွေပ့ဆိုတဲ့ ေနရာေလးေတြမွာ
ဒီေန႔....ေကာင္းေပ့ဆိုတဲ့ အစားအစာေတြနဲ႔
ဒီေန႔.....လန္းေပ့ဆိုတဲ့ ပို႔စ္အမ်ိ ဳ းမ်ိ ဳ းေတြ

ဒီေန႔....အေမ့ကို ဖုန္းေခၚၿပီးၿပီလား
ဒီေန႔....ခ်စ္သူဆီ မက္ေဆ့ ပို႔ျဖစ္ရဲ႕လား

လြယ္ကူျခင္းနဲ႔ နီးကပ္လာသမ်ွ
သတိရျခင္းနဲ႔ ေဝးကြာလာရသလားကြယ္

ျမင္ကြင္း က်ယ္ႀကီးေတြဆီက ခုန္ထြက္
ျမင္ကြင္း ငယ္ေလးေတြဆီကို ခုန္ဝင္

အိမ္ေ႐ွ႕ ကြပ္ျပစ္ ဆီက
မိသားစုစကားစျမည္ေလးေတြ တိုးလ်

တစ္ကိုယ္ေတာ္
ကိုက္ခဲမႈ ေတြက က်ယ္ေလာင္

ကြၽန္ေတာ္တို႔ 
ခင္ဗ်ားတို႔ ရဲ႕
ေရသာ မ်ား၍ ငါးမေတြ႔ေန႔စြဲမ်ား..

အလႈပ္အ႐ွား နည္းလြန္းလွတဲ့
ကိုုယ္ခႏၶာ နဲ႔ ႏွလုံးသား
အဖ်ားဟာ
လူ႔အသိုင္းအဝိုင္းကို
က်န္းမာသေယာင္ေယာင္နဲ႔ လိႈက္စားခဲ့တယ္

ဘုန္းႏြယ္
ေမာ္ဒန္ကဗ်ာ page မွကူးယူေဖာ္ျပသည္

Unicode Version 


ဖုန်းတွေနဲ့ ဖုံးနေတဲ့ ကမ္ဘာ


.................................. (ဘုန်းနွယ်)

အဆင်မပြေကြသူတွေ
အဆင်ပြေ ပြခွင့်ရလို ရ

မပျော်ရွှင် ကြသူတွေ
ပျော်ရွှင်ပြခွင့်ရလို့ ရ

စာမဖတ်ကြသူတွေ
ပညာတတ်ကြီးသဖွယ် ပြခွင့်ရလို ရ

မလုံခြုံ တဲ့သူတွေ
အထီးကျန်တဲ့လူတွေ 
ယုတ်မာရိုင်းစိုင်း ကောက်ကျစ်သူတွေလည်း
စားကျက်မြေ အသစ်ရလို့ ပျော်ရတယ်

ငယ်ငယ်က
ကိုယ်တတ်နိုင်သမျှ
မွေးနေ့လက်ဆောင် လက်ကိုင်ပုဝါလေးက
အခု
ဟပ်ပီးဘတ်ဒေး ပြောလိုက်ရုံနဲ့ ရတယ်

တစ်ပတ်တစ်ခါ
မပျက်ကွက်ခဲ့ကြတဲ့ စာတိုက်ပုန်းအနီလေးဟာ
မခေါ်မပြောဖြစ်ကြတဲ့ မီးစိမ်းလေးကို
တအံ့တသြ ငေးမောနေရတယ်

လူငယ်တစ်ဘဝစာ သိမ်းထားရတဲ့
ဓာတ်ပုံလေးဟာ
လိုတိုင်းတ ရနိုင်တဲ့ အခွင့်အရေးကို
ရှက်ရွံ့အားငယ်

လမ်းပေါ်က လူတွေကို
ပြုံ းမပြဖြစ်တော့ဘူးကွယ်
လိုင်းပေါ်က လူတွေကို
ရယ်ပြ ငိုပြ လက်မထောင်ကြတယ်

ရည်းစားစာလေးမှာ
ရည်းစားစာမပါ
ရေမွှေးစာအိတ်လေးမပါ
လှိုက်ဖို မောဟိုက်ခြင်းမပါ
ကိုယ့်လက်ရေးလက်သားမပါနဲ့

ရင်ခုန်သံဟာ
ဈေးပေါလာသမျှ
တန်ဖိုးကျလာတယ်....

ဒီနေ့...လှပေ့ဆိုတဲ့ နေရာလေးတွေမှာ
ဒီနေ့....ကောင်းပေ့ဆိုတဲ့ အစားအစာတွေနဲ့
ဒီနေ့.....လန်းပေ့ဆိုတဲ့ ပို့စ်အမျိ ု းမျိ ု းတွေ

ဒီနေ့....အမေ့ကို ဖုန်းခေါ်ပြီးပြီလား
ဒီနေ့....ချစ်သူဆီ မက်ဆေ့ ပို့ဖြစ်ရဲ့လား

လွယ်ကူခြင်းနဲ့ နီးကပ်လာသမျှ
သတိရခြင်းနဲ့ ဝေးကွာလာရသလားကွယ်

မြင်ကွင်း ကျယ်ကြီးတွေဆီက ခုန်ထွက်
မြင်ကွင်း ငယ်လေးတွေဆီကို ခုန်ဝင်

အိမ်ရှေ့ ကွပ်ပြစ် ဆီက
မိသားစုစကားစမြည်လေးတွေ တိုးလျ

တစ်ကိုယ်တော်
ကိုက်ခဲမှု တွေက ကျယ်လောင်

ကျွန်တော်တို့ 
ခင်ဗျားတို့ ရဲ့
ရေသာ များ၍ ငါးမတွေ့နေ့စွဲများ..

အလှုပ်အရှား နည်းလွန်းလှတဲ့
ကိုုယ်ခန္ဓာ နဲ့ နှလုံးသား
အဖျားဟာ
လူ့အသိုင်းအဝိုင်းကို
ကျန်းမာသယောင်ယောင်နဲ့ လှိုက်စားခဲ့တယ်

ဘုန်းနွယ်
မော်ဒန်ကဗျာ page မှကူးယူဖော်ပြသည်

Comments