တိုက္ဆိုင္မႈ မရွိလွ်င္ (မင္းလူ)



"တိုက္ဆိုင္မႈ မရွိလွ်င္ (မင္းလူ)"

ကဗ်ာဆိုတာ
တစ္ခါတစ္ခါ ပန္းတစ္ပြင့္
ပြင့္ခ်ိန္တန္မွ ပြင့္လိမ့္မယ္။
ကဗ်ာဆိုတာ
တစ္ခါတစ္ခါ သစ္သီးတစ္လံုး
ေၾကြခ်ိန္တန္ရင္ ေၾကြမွာပဲ။
ကဗ်ာဆိုတာ
တစ္ခါတစ္ခါ ခ်ိန္ကိုက္ဗံုးတစ္လံုး
အခ်ိန္ေစ့ရင္ ကြဲတတ္တယ္။

ကဗ်ာဆိုတာ
တစ္ခါတစ္ခါ ေၾကးနန္းတစ္ေစာင္
ကြၽန္ေတာ့္ႏွလံုးသား သေကၤတေတြ
ခင္ဗ်ားထံ
အျမန္ပို႔လိုက္တယ္။
မခံစားတတ္ရင္
ကြၽန္ေတာ့္ရင္ခုန္သံေတြ
ျပန္ပို႔ ေပးလိုက္ပါ။ ။

မင္းလူ

Unicode Version

"တိုက်ဆိုင်မှု မရှိလျှင် (မင်းလူ)"

ကဗျာဆိုတာ
တစ်ခါတစ်ခါ ပန်းတစ်ပွင့်
ပွင့်ချိန်တန်မှ ပွင့်လိမ့်မယ်။
ကဗျာဆိုတာ
တစ်ခါတစ်ခါ သစ်သီးတစ်လုံး
ကြွေချိန်တန်ရင် ကြွေမှာပဲ။
ကဗျာဆိုတာ
တစ်ခါတစ်ခါ ချိန်ကိုက်ဗုံးတစ်လုံး
အချိန်စေ့ရင် ကွဲတတ်တယ်။

ကဗျာဆိုတာ
တစ်ခါတစ်ခါ ကြေးနန်းတစ်စောင်
ကျွန်တော့်နှလုံးသား သငေ်္ကတတွေ
ခင်ဗျားထံ
အမြန်ပို့လိုက်တယ်။
မခံစားတတ်ရင်
ကျွန်တော့်ရင်ခုန်သံတွေ
ပြန်ပို့ ပေးလိုက်ပါ။ ။

မင်းလူ

Comments