Happy နေရာဖလှယ်သုံးဖို့ (Htet Zaw Htoo)


ဒီနေ့တော့ Happy နေရာမှာ အစားထိုးသုံးနိုင်မယ့် idiom လေး (၄) လုံးလောက် ရှယ်ပါရစေဗျာ။ ကျွန်တော်တို့ တစ်ခုခုနဲ့ ပက်သက်ပြီး ပျော်တယ်/ဝမ်းသာတယ်လို့ ပြောတဲ့အခါ I am happy/ I feel happy စသဖြင့် သုံးပါများတော့ အနည်းငယ်ရိုးလာပါတယ်။ ဒီနေရာမှာ အစားထိုး သုံးစွဲနိုင်မယ့် idiom လေးလုံး ရှယ်ပေးချင်ပါတယ်။


ပထမတစ်လုံးက be on cloud nine ပါ။ informal ဖြစ်ပြီးတော့ very happy လို့ အဓိပ္ပါယ်ရပါတယ်။


E.g I am on cloud nine today. 

ကျွန်တော်ဒီနေ့အရမ်းပျော်တယ်ဗျာ။


ဒုတိယတစ်လုံးက be like a dog with two tails (ဒါကတော့ သုံးရတာအောင့်သက်သက်နိုင်သလားလို့)


E.g Sue Sue will be like a dog with two tails if she gets into our university. 

တို့တက္ကသိုလ်ကို ဝင်ခွင့်ရရင် ဆူးဆူး သိပ်ပျော်နေမှာ။


တတိယတစ်လုံးကတော့ extremely happy လို့ အဓိပ္ပါယ်ရတဲ့ on top of the world ပါ။


E.g Aung Ko was on top of the world when he got a new smartphone. 

စမတ်ဖုန်းအသစ်လေးရလိုက်တော့ အောင်ကိုတစ်ယောက် ပျော်လို့မြူးလို့။


နောက်ဆုံးတစ်လုံးကတော့ be over the moon ပါ။ to be very pleased အရမ်းကျေနပ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ 


E.g Thu Thu is over the moon about her new bike. 

စက်ဘီးအသစ်လေးကို သူသူက အရမ်းကျေနပ်နေတာ။


ကိုယ်ပိုင်စာကြောင်းလေးတွေထဲ သုံးကြည့်ပါဦးခင်ဗျာ။


Thanks 

Htet Zaw Htoo 

Comments