သိထားရမည့် ဘန်းစကားများ အပိုင်း (၂)
ကျွန်တော် October ၂ ရက်နေ့က အသုံးများတဲ့ ဘန်းစကား ၅ ခုနဲ့ အပိုင်း (၁) မှာ မိတ်ဆက်ခဲ့ပါတယ်။
၁။ What's up?
၂။ Awesome
၃။ Cool
၎။ Beat
၅။ Hang out တို့ပါ။ ဒီမှာ ထပ်ဆက်လိုက်ကြစို့။
၆။ To chill out (verb) အေးဆေး အနားယူနေသည်
Relax လုပ်နေတယ်။ နှပ်နေတယ်ပေါ့။ out ကို ထည့်ပြောလည်းရတယ် မထည့်လည်းရတယ်။
A: Hey Kyaw Kyaw, what are you guys doing?
B: We're just chilling out. Why don't you come and join us?
ဒါပေမယ့် တခါတလေ ကိုယ် စိတ်လှုပ်ရှားနေ စိတ်တိုနေရင် သူငယ်ချင်းက စိတ်လျှော့ဖို့ စိတ်အေးအေးထားဖို့ သတိပေးရင်လည်း chill out ကိုသုံးတယ်။
A: That exam was so tough. I'm sure I'm going to fail.
B: You need to chill out and stop thinking too much. I'm sure you will pass the exam.
၇။ Wheels (noun) ဂွေ၊ စီးတော်ယဉ်
မြန်မာပြည်က လူငယ်တွေသုံးတာနဲ့ ကွက်တိပဲ။ ဘီး ဆိုတာ ဒီမှာ မော်တော်ကားကိုပြောတာ။
A: Hey, can you pick me up after my class?
B: Sorry, I can't. I don't have my wheels at the moment.
လောလောဆယ် ဂွေပျောက်နေတယ်တဲ့။
Nice wheels you have there!
မင်းရဲ့ ကား တယ်မိုက်ပါလား။
၈။ To be amped (adjective) အရမ်းကို မစောင့်နိုင် မဆိုင်းနိုင် သဲသဲလှုပ် စိတ်လှုပ်ရှားနေသော
တခုခုကို စောင့်မျှော် ရင်းနဲ့ super excited ဖြစ်နေတာပေါ့။
A: I can't wait to see the Iron Cross Live show.
B: Me too, I'm amped!
A: I am so amped for the Premiere League match tonight.
B: Same here. Man U will win for sure-:)
၉။ Babe (noun) အကိတ်လေး
လူတစ်ဖက်သားကို Babe လို့ရည်ညွန်းတာ hot and attractive ဖြစ်လို့ပေါ့။ ဒါပေမယ့် သတိထားသုံးပေါ့။ သူနဲ့မျက်နှာချင်းဆိုင်ပြောချိန်မှာ မသုံးဘဲ သူ့အကြောင်းကို တခြားသူနဲ့ပြောကြရာမှာသုံးရင် safe ဖြစ်မယ်။
A: What do you think of that new girl in our class?
B: Total babe! And you?
A: Agree!
၁၀။ Busted (adjective/verb) ပြာပြီ။ လက်ပူးလက်ကြပ်မိပြီ။ ဒုက္ခရောက်ပြီ
My brother got busted speeding! The cop gave him a ticket.
ငါ့အကို ကားအမြန်မောင်းလို့ ဆွဲစိခံရ။ ရဲက ဒဏ်ငွေဆောင်ဖို့ ချလန်ပေးခဲ့တယ်။
Two students were busted cheating in the exam.
စာခိုးချတဲ့ကျောင်းသားနှစ်ယောက် ကိုမိသွားတယ်။
အပိုင်း ၃ ဆက်ရေးမယ်။ အချိန်ရသလောက်ပေါ့။
မေတ္တာဖြင့်
ဒေါက်တာစိုးသန်း

Comments
Post a Comment