ဝင်ကြည့်လိုက်ပါ(တင်ညွန့်)

ဝင်ကြည့်လိုက်ပါ

-----------------
နေက ထွက်လာတယ်။ အပေါ်ကို မြင့်တက်သွားတယ်။

ဂူထိပ်ကိုရောက်တော့

“အို … အသင်လောက အမှောင်နဲ့အအေးဆိုတာ ဘာများပါလဲ” တဲ့

ဂူက လန့်နိုးပြီးတော့ အထဲကနေ အော်လိုက်တယ်။

“အို … အသင်လောက အလင်းနဲ့အပူဆိုတာဘာများပါလဲ” တဲ့

အပေါ်တက်သွားတဲ့နေက အမှောင်နဲ့ အအေးကို မသိဘူး

ဂူထဲက အလင်းနဲ့အပူကို မသိဘူး

ဒီလိုပဲ သူတို့ နေ့စဉ် အော်ဟစ်ညည်းညူနေကြတော့တာပဲ

တစ်နေ့တော့ နေက ဂူထဲကိုလှမ်းကြည့်လိုက်မိတယ်

“ဘာကြီးလဲ”

ဂူက အမှောင်ထဲကပြန်အော်တယ်

“ရှေ့လေး နည်းနည်း တိုးလိုက်ပါ … နည်းနည်းလေး တိုးလိုက်ပါ”

နေက အမှောင်ထဲကို တိုးလိုက်တယ်။

“အို … အေးလိုက်တာ … လင်းသွားတာပဲ”

ဂူကလည်းပြန်ပြောတယ်

“အလို … နွေးသွားတာပဲ … လင်းသွားတာပဲ”

နေလည်းပျော်သွားတယ်၊ ဂူလည်းပျော်သွားတယ်။

သိချင်ရင် ဝင်ကြည့်ရတယ်။ ထဲထဲဝင်ဝင် ဝင်ကြည့်လိုက်တော့လည်း တစ်ယောက်အကြောင်း တစ်ယောက် နားလည် အားလုံးလည်း အဆင်ပြေသွားတာပဲ။

တင်ညွန့်

၂၉.၆.၂၀၁၈

Comments